
အင်ဒိုနီးရှားနဲ့ ဥရောပသမဂ္ဂတို့ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမြှင့်တင်ဖို့ ရည်ရွယ်တဲ့ ၉ နှစ်ကြာ ဆွေးနွေးပွဲပြီးတဲ့နောက် ပြီးပြည့်စုံတဲ့ စီးပွားရေးမိတ်ဖက်ဆိုင်ရာ သဘောတူညီချက်အတွက် စက်တင်ဘာ ၂၃ ရက်မှာ အပြီးသတ်ညှိနှိုင်းခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ဟာ အင်ဒိုနီးရှားဆီ တင်ပို့တဲ့ EU ကုန်ပစ္စည်းတွေရဲ့ ၉၈ ဒသမ ၅ ရာခိုင်နှုန်းအပေါ် သွင်းကုန်ခွန်ဖယ်ရှားမှာဖြစ်ပြီး နို့မှုန့်၊ ဒိန်ခဲ၊ အသားတွေ၊ ချောကလက်နဲ့ မုန့်ဖုတ် ပစ္စည်းတွေကနေ ကားတွေနဲ့ စားသောက်ကုန်တွေ အပါအဝင် EU ထုတ်ကုန်တွေအတွက် ဝင်ခွင့်လုပ်ငန်းစဉ်တွေကို ရိုးရှင်းစေမယ်လို့ အီးယူက ပြောပါတယ်။
ဒီသဘောတူညီချက်ဟာ အီးယူပို့ကုန်တွေအတွက် တနှစ်ကို ပျမ်းမျှ ၁၀ ရာခိုင်နှုန်းအခွန် ယူရို သန်း ၆၀၀ ဖိုး ချွေတာနိုင်မှာလည်း ဖြစ်ပါတယ်။
ဆီအုန်း၊ ကော်ဖီ၊ အထည်အလိပ်၊ အဝတ်အထည်နဲ့ တခြားထုတ်ကုန်တွေ တင်ပို့မှုကို မြှင့်တင်သင့်တယ်လို့ အင်ဒိုနီးရှားစီးပွားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အင်ဒိုနီးရှားနဲ့ အီးယူအကြား ကုန်သွယ်မှုဟာ ပထမ ၅ နှစ်အတွင်း အကောင်အထည်ဖော်ရာမှာ ၂ ဆတိုးလာဖို့ မျှော်လင့်ထားတယ်လို့ အင်ဒိုနီးရှားက ပြောထားပါတယ်။
Source:Reuters