
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ဆိုဘရယ်လ်စည်ပင်ဒေသက စာသင်ကျောင်းတကျောင်းမှာ စက်တင်ဘာ ၂၅ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသား ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံမီဒီယာတွေက သတင်းထုတ်ပါတယ်။
ကျောင်းအပြင်ဘက်ကနေ သေနတ်နဲ့ ပစ်ခတ်ချိန်မှာ ကျောင်းသား ၅ ယောက်က ကားရပ်နားရာ နေရာမှာ ရှိနေခဲ့တယ်လို့ ဆေးအာရာပြည်နယ် ပြည်သူ့လုံခြုံရေး အတွင်းရေးမှူးရုံးက ပြောပါတယ်။
မှုခင်းဖြစ်ခဲ့တဲ့ လူဝီစ်ဖီးလစ်ပီ အစိုးရကျောင်းမှာ တိုက်ခိုက်ခံရပြီးတဲ့နောက် အတန်းတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။
မှုခင်းဖြစ်ရတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဧရိယာရဲ့ ရုပ်သံဖိုင်တွေထဲက အဆောက်အအုံတွေ သစ်ပင်တွေက ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ ပါတယ်။
Source: Reuters