ဘရာဇီးစာသင်ကျောင်း၌ သေနတ်ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသား ၂ ဦး သေဆုံး
DVB
·
September 26, 2025

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ဆိုးဘရယ်လ်မြို့ရှိ လူးဝစ်စ်ဖဲလစ်ပေ စာသင်ကျောင်းမှာ စက်တင်ဘာ ၂၅ ရက်က သေနတ်ပစ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျောင်းသား ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကျောင်းအပြင်ကနေ သေနတ်ပစ်ခတ်နေချိန်မှာ ကျောင်းသား ၅ ယောက်က ကားရပ်နားရာနေရာမှာ ရှိနေတယ်လို့ စေအာရာပြည်နယ် ပြည်သူ့လုံခြုံရေး အတွင်းရေးမှူးရုံးက ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ စာသင်တန်းတွေကို ရပ်ဆိုင်းထားပါတယ်။ မှုခင်းဖြစ်ရတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source: Reuters