
အမေရိကန်ဟာ တောင်အမေရိကမှာ စစ်ဖြစ်စေဖို့ လုပ်ဆောင်နေကြောင်း စက်တင်ဘာ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗင်နီဇွဲလားနိုင်ငံက စွပ်စွဲလိုက်ပါတယ်။
အမေရိကန်နိုင်ငံဟာ အောက်တန်းကျတဲ့ လုပ်ဆောင်ချက်တွေနဲ့ လုပ်ကြံဇာတ်ခင်းပြီး ကာရေဘီယံဒေသမှာ စစ်ရေးအင်အား တိုးချဲ့ဖို့ ပြင်ဆင်နေတယ်၊ ဒါဟာ သူတို့ အစိုးရအဖွဲ့ကို ပြောင်းလဲစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်လို့ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ပင်တိုက ပြောပါတယ်။
“ဗင်နီဇွဲလားလို ငြိမ်းချမ်းပြီး အကူအညီပေးတတ်တဲ့ နိုင်ငံကို ရန်လိုမှုတွေ ဒီနေ့ ရောက်လာပါပြီ။ သူတို့ဟာ လိမ်ညာမှုတွေနဲ့ လုပ်ကြံဇာတ်တွေခင်းနေတဲ့ အမေရိကန်ကို ကမ္ဘာပေါ်မှာ ဘယ်သူမှ အယုံအကြည်မရှိပါဘူး။ ဒီလို မမှန်မကန် လုပ်ကြံဇာတ်တွေက အဖျက်စွမ်းအားကြီးတဲ့ လက်နက် ဒါမှမဟုတ် နျူကလီးယားလက်နက်လိုတော့ စွပ်စွဲပြလို့မရပါဘူး။”
အမေရိကန်ဟာ ကာရေဘီယံနဲ့ တောင်အမေရိကမှာ စစ်ဖြစ်စေဖို့ ရည်ရွယ်တယ်လို့လည်း ဝန်ကြီး ပင်တိုက ပြောပါတယ်။
အမေရိကန်ဟာ အစိုးရအပြောင်းအလဲ လုပ်ပြီး ဗင်နီဇွဲလားရဲ့ ရေနံနဲ့ ဓာတ်ငွေ့တွေကို ခိုးယူဖို့ အခုလို လုပ်ဆောင်နေတာဖြစ်တဲ့ အကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ အမေရိကန်ရဲ့ ခြိမ်းခြောက်မှု၊ လိမ်ငြာမှုတွေကို ကြောက်ရွံ့နေမှာမဟုတ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Source: Reuters