
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ လိုအပ်လာရင် အချုပ်အခြာအာဏာနဲ့ ငြိမ်းချမ်းရေးကိုကာကွယ်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာနိုင်မယ့် အခြေအနေအတွက် ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ စက်တင်ဘာ ၁၁ ရက်က တိုက်တွန်းပါတယ်။
ကြာသပတေးနေ့ အစောပိုင်းမှာ မာဒူရိုက နိုင်ငံတဝန်းက စစ်မြေပြင်နေရာ ၂၈၄ ခုမှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အရပ်သားကာကွယ်ရေးအဖွဲ့တွေကို ဖြန့်ကြက်ချထားမယ်လို့ ကြေညာခဲ့ပါတယ်။
မြို့တော် ကရာကာ့စ်မှာ ကျင်းပတဲ့ ဗင်နီဇွဲလားရဲ့ ညီညွတ်သောဆိုရှယ်လစ်ပါတီ (PSUV) ရဲ့ မျက်နှာစုံညီကွန်ဂရက်မှာ သမ္မတက ပြောခဲ့တာပါ။
ထရမ့်ပ်အစိုးရဟာ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေကို နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် ကရစ်ဘီယံတောင်ပိုင်းမှာ အမေရိကန်စစ်တပ် ထားရှိမှုကို တိုးမြှင့်ခဲ့ပြီး အမေရိကန်ပိုင်နက် ပွယ်တိုရိကို လေယာဉ်ကွင်းကို F-35 တိုက်လေယာဉ် ၁၀ စင်း ဖြန့်ကြက်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ သူ့ကို အာဏာကဖယ်ရှားဖို့ မျှော်လင့်နေတာလို့ မာဒူရို က စွပ်စွဲထားပါတယ်။
Source: Reuters