
ကာရေဘီယံဒေသမှာ အမေရိကန်နဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဗင်နီဇွဲလား ပြည်သူတွေ လက်နက်ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်က ဗင်နီဇွဲလားသင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၂ နိုင်ငံဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပွားခဲ့ကာ ဗင်နီဇွဲလားစစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပြည်သူတွေကိုပါ လက်နက်အသုံးပြုမှု လေ့ကျင့်ရေးတွေ ပြုလုပ်လာတာပါ။
ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီး ပါဒရီနိုက အမေရိကန်ဟာ သူတို့ရဲ့လှေတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောထားပါတယ်။
ဝန်ကြီး ပါဒရီနိုက“ကျနော်တို့ ဘယ်သူနဲ့မှ စစ်ဖြစ်ဖို့ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်တို့ကိုယ်တိုင် ကာကွယ်မှုတွေ ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်” လို့ ပြည်သူ့လေ့ကျင့်ရေးအစီအစဉ်မှာ ပြောပါတယ်။
ပြည်သူတွေ လက်နက်အသုံးပြုရေး လေ့ကျင့်မှုဟာ သမ္မတ မာဒူရိုရဲ့ အစီအစဉ်တွေထဲက တခုဖြစ်ပြီး ပြည်သူတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ရိုင်ဖယ်နဲ့ လေကြောင်းပစ်လက်နက်တွေကို လေ့ကျင့်ပစ်ခတ်ခဲ့ကြပါတယ်။
ဗင်နီဇွဲလားသမ္မတက အမေရိကန်နဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အမေရိကန်က ပယ်ချခဲ့ပြီး ဗင်နီဇွဲလားသင်္ဘောတွေဟာ မူးယစ်ဆေးတွေ အဓိက သယ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။
ဗင်နီဇွဲလားဟာ မူးယစ်ရာဇာတွေကို ခိုလှုံခွင့်ပေးထားတယ်လို့ စွပ်စွဲထားပြီး အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
မာဒူရိုကတော့ အမေရိကန်ဟာ သူ့ကို သမ္မတရာထူးကနေ ဖယ်ရှားဖို့ ကြိုးစားနေတယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်စစ်တပ်ဟာ ကာရေဘီယံတောင်ပိုင်းမှာ စစ်သင်္ဘောတွေ၊ ဂျက်လေယာဉ်တွေ အပါအဝင် တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားပါတယ်။
ဗင်နီဇွဲလားကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အမေရိကန်ရဲ့ လုပ်ရပ်တွေက ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်တယ်လို့ ရှုတ်ချပြောဆိုထားပါတယ်။
Source: Reuters