ဂီတလောကမှာ အခိုင်မာရပ်တည်နိုင်ခဲ့တဲ့ ဝါရင့်အဆိုတော် ဗစ်တာခင်ညိုရဲ့ နောက်ဆုံးခရီး ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပြီး အနုပညာအသိုက်အဝန်းနဲ့ ပရိသတ်တွေ လိုက်ပါပို့ဆောင်ခဲ့ကြ ပါတယ်။
စတီရီယို ခေတ်ဦးကာလကတည်းက ခိုင်ခိုင်မာမာရပ်တည်လာခဲ့တဲ့ ဂီတပညာရှင် ဗစ်တာခင်ညိုဟာ စက်တင်ဘာ ၂၅ ရက် မနက် ၇ နာရီက ရန်ကုန်မြို့ နေအိမ်မှာ လူကြီးရောဂါနဲံ ကွယ်လွန်သွားခဲ့တာပါ။
ဗစ်တာခင်ညိုဟာ နွေသီချင်းအပါအဝင် ဒီဇင်ဘာနံနက်ခင်း၊ နွေမှာဆို ရင်မှာပြာ၊ မြခွာညို စတဲ့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကိုသီဆိုခဲ့ပြီး တေးသီချင်းပေါင်း ၁၀၀ ကျော်နဲ့ တေးစီးရီးအခွေပေါင်း ၂၀ ကျော်ကို သီဆိုခဲ့ပါတယ်။
ဗစ်တာခင်ညိုရဲ့ နွေ၊ မြခွာညို၊ အလွမ်းသီချင်း၊ နွေသာဆို ရင်မှာပြာ၊ ကျူရှင်လှေကားရင်း စတဲ့ သီချင်းတွေကတော့ လက်ရှိအချိန်ထိ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။
ဗစ်တာခင်ညို ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပြီဖြစ်ပြီး ဇနီးနဲ့ သား ၃ယောက် ကျန်ရစ်ခဲ့ပါတယ်။

















