Home
အနုပညာ
ဝါရင့်အဆိုတော် ဗစ်တာခင်ညို ကွယ်လွန်
DVB
·
September 25, 2025
Photo: တူးတူး၊ Facebook

မြန်မာ့တေးဂီတလောကမှာ စတီရီယိုတေးသီချင်းတွေနဲ့ ထင်ရှားတဲ့ ဝါရင့်အဆိုတော် တေးသံရှင် ဗစ်တာခင်ညိုဟာ စက်တင်ဘာ ၂၅ ရက် ဒီကနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားပါတယ်။

ဗစ်တာခင်ညို ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ညီဖြစ်သူ တေးသံရှင် တူးတူးက သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ “ကျနော့်အစ်ကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် Victor Khin Nyo ကွယ်လွန်သွားပြီဖြစ်ကြောင်း ပရိသတ်တွေကို ဝမ်းနည်းစွာ အသိပေးအပ်ပါတယ်”လို့ အတည်ပြု ရေးသားမျှဝေထားပါတယ်။

တေးသံရှင် ဗစ်တာခင်ညိုဟာ တေးရေး ချိုချို၊ အဆိုတော် တူးတူးတို့ရဲ့ အစ်ကိုရင်း ဖြစ်ပြီး သူ သီဆိုခဲ့တဲ့ နွေ၊ မြခွာညို၊ အလွမ်းသီချင်း၊ နွေသာဆိုရင်မှာပြာ စတဲ့ သီချင်းတွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ခုချိန်ထိတိုင် ရေပန်းစား ထင်ရှားတဲ့ သီချင်းတွေ ဖြစ်သလို စုံတွဲတေးအယ်လ်ဘမ်တွေမှာရော ဂီတဖျော်ဖြေပွဲတွေ များစွာမှာပါ သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူ ကွယ်လွန်တာနဲ့ ပတ်သက်ပြီးတော့ အနုပညာအသိုက်အဝန်းကရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြတာကို တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013