Home
နိုင်ငံတကာ
အမေရိကန် ဂန္ထဝင်နပမ်းသမား ဟော့ဟိုဂန် ကွယ်လွန်
DVB
·
July 25, 2025
Photo :Reuters

အမေရိကန်ဂန္ထဝင်နပမ်းသမား ဟော့ဟိုဂန်ဟာ ဇူလိုင် ၂၄ ရက်က သူနေထိုင်ရာ ဖလော်ရီဒါ ပြည်နယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

ဟော့ဟိုဂန်ဟာ နှလုံးရောဂါကြောင့် ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် အရွယ်ရှိပြီဖြစ်ပါတယ်။ 

ဟော့ဟိုဂန်ဟာ ၁၉၇၇ ခုနှစ်မှာ ပရောဖက်ရှင်နယ် နပမ်းသမားအဖြစ်စတင်ခဲ့ပြီး နပမ်းကစားနည်း ကို လူတွေ စိတ်ဝင်စားမှုများပြားအောင် ပြုလုပ်ပေးနိုင်တဲ့ အဓိက ကစားသမားတယောက်လည်း ဖြစ်ပါတယ်။ 

၂၀၀၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ Hogan Knows Best ဆိုတဲ့ Reality Show ကို တင်ဆက်ခဲ့ဖူးပါတယ်။ 

အမေရိကန်သမ္မတ မဲဆွဲပွဲမှာလည်း ဟိုဂန်ဟာ ဒေါ်နယ်ထရမ့်ပ်ကို ထောက်ခံမဲဆွယ်ပေးခဲ့သူ ဖြစ်ပါတယ်။ 

“ဟော့ဟိုဂန်ဟာ သန်မာတဲ့၊ ကြံ့ခိုင်တဲ့၊ စမတ်ကျတဲ့သူတယောက်ဖြစ်ပေမဲ့ နှလုံးသားလှတဲ့သူပါ” လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာ Truth က ပြောကြားခဲ့ပါတယ်။ 

ဟော့ဟိုဂန်ဟာ မေလက လည်ပင်း ခွဲစိတ်မှုခံခဲ့ရသလို ဇွန်လကလည်း နှလုံးခွဲစိတ်မှု ခံခဲ့ရသူဖြစ် ပါတယ်။ 

WWE နပမ်းအဖွဲ့က “ဟိုဂန်ဟာ WWE ပြိုင်ပွဲကို ကမ္ဘာသိအောင် ၁၉၈၀ တုန်းက စွမ်းဆောင် ပေးနိုင်ခဲ့တာတဲ့ အထင်ရှားဆုံး နပမ်းသမားတဦးပါ။ သူကွယ်လွန်တာနဲ့ ပတ်သက်ပြီး WWE အဖွဲ့က မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ ပရိသတ်တွေနဲ့အတူ ဝမ်းနည်းရပါတယ်” လို့ ထုတ်ပြန်ပါတယ်။ 

ဟော့ဟိုဂန်ဟာ WWE ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၆ ကြိမ် ဗိုလ်စွဲခဲ့သူဖြစ်ပြီး WrestleMania ပွဲရဲ့ အဓိက ကစားသမား ဖြစ်ပါတယ်။ 

ဟော့ဟိုဂန်ဟာ ၂၀၀၅ ခုနှစ်မှာ WWE Hall of Fame ကို စတင်မိတ်ဆက်ခဲ့ပြီး သူ့ရဲ့ ပြိုင်ဘက်တွေထဲမှာ The Rock၊ ရန်ဒီဆာဗိတ်၊ Andre The Giant တို့ ပါဝင်ပါတယ်။

နာမည်ကျော်နပမ်းသမား အန်ဒါတိတ်ကာက “ဟိုဂန်ကို ဆုံးရှုံးရတာက နပမ်းလောကရဲ့ စစ်မှန်တဲ့ ဂန္ထဝင်ကစားသမားတယောက် ဆုံးရှုံးခဲ့တာပါ။ သူဟာ ကျနော်တို့ရဲ့ နပမ်းလောက နာမည်ကျော်အောင် ထောက်ပံ့ပေးခဲ့တဲ့သူ တယောက်ဖြစ်လို့ သူ့ကို ဂုဏ်ပြုပါတယ်”လို့ ပြောပါတယ်။

ဟော့ဟိုဂန်ဟာ Rocky III လိုနာမည်ကျော်ရုပ်ရှင်အပါအဝင် ဇာတ်ကား ၄ ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပြီး ၁၉၉၆ ခုနှစ် Baywatch ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013