Home
အထွေထွေ
KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဇနီး ကွယ်လွန်
DVB
·
June 14, 2025
Photo : KWO

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ဇနီး ပဒို နော်လာဖိုး ဟာ ဇွန် ၁၄ ရက် ဒီမနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO)ရဲ့ ခေါင်းဆောင်တယောက်လည်းဖြစ်ပြီး KWO စတင်တည်ထောင်တဲ့ ၁၉၈၅ ခုနှစ်ကစလို့ လုပ်ငန်းတွေစတင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ဥက္ကဋ္ဌရာထူးကို ၆ ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သူလို့ KWO က ဆိုပါတယ်။

သူဟာ KWO ရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ခဲ့ပြီး KWO ဥက္ကဋ္ဌဖြစ်နေချိန်မှာ KNU ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်လည်း ဖြစ်ခဲ့ပါတယ်။

ကရင်လူမျိုးအတွက် သူ့ရဲ့ဘဝတခုလုံးကိုမြှုပ်နှံခဲ့တဲ့ အင်မတန်ထူးချွန်ထက်မြက်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ ခေါင်းဆောင်တယောက်ဖြစ်သလို လွတ်လပ်တဲ့ ကော်သူးလေပြည်အတွက် သူ့ရဲ့အိပ်မက်ဖြစ်ကိုလည်း ဖြည့်ဆည်းပေးမယ်လို့ KWO က ထုတ်ပြန်ပါတယ်။

ပဒိုနော်လားဖိုးသည် KNU  ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ၁၉၆၂ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီး (၇) ဦးထွန်းကားခဲ့သည်။ ကွယ်လွန်ချိန်တွင် သားဖြစ်သူ ကော်သူးလေအာမီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ‌စောနယ်ဒါးဘိုမြနှင့် သမီး ၃ အပြင် မြေး ၂၁ ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ပဒို နော်လာဖိုး နဲ့ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်ကြီး‌ စောဘိုမြတို့မှာ သားသမီး ၇ ယောက်ရှိပြီး ဗိုလ်ချုပ်ကြီး‌ စောဘိုမြဟာ ၂၀၀၆ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013