Home
နိုင်ငံတကာ
ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း ဂျော့ဖိုမင် အသက် ၇၆ နှစ်အရွယ်၌ ကွယ်လွန်
DVB
·
March 22, 2025
photo:Reuters

ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း ဂျော့ဖိုမင်ဟာ မတ် ၂၁ ရက်က ကွယ်လွန်ခဲ့တဲ့အကြောင်း သူ့မိသားစုက ပြောပါတယ်။ 

ဂျော့ဖိုမင်ဟာ အားကစားလောကမှာ အထင်ရှားဆုံးကစားသမားတစ်ဦးဖြစ်ပြီး ၁၉၆၈ ခုနှစ် အသက် ၁၉ နှစ်အရွယ်မှာ အိုလံပစ်ရွှေတံဆိပ်ရခဲ့သလို ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကိုလည်း ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ 

အသက် ၄၅ နှစ်အရွယ်မှာ ဒုတိယအကြိမ် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး အသက်အကြီးဆုံး ကမ္ဘာ့ချန်ပီယံဖြစ် ခဲ့သူပါ။ 

“လူသားချင်းစာနာတဲ့သူ၊ အိုလံပီယာ၊ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ၂ ဆုရှင်၊ စည်းကမ်းရှိသူ၊ ယုံကြည်ချက် ခိုင်မာသူ၊  အမွေအနှစ်ထိန်ိးသိမ်းသူ၊ မိသားစုအတွက် သူ့ရဲ့ ဂုဏ်သတင်းကို မမောတမ်းကာကွယ် တဲ့သူ” လို့ ဂျော့ဖိုမင်ရဲ့ မိသားစုက အင်စတာဂရမ်မှာ ရေးသားထားပါတယ်။ 

ဂျော့ဖိုမင်ဟာ ၁၉၇၄ ခုနှစ်မှာ ထိုးသတ်ခဲ့တဲ့ “Rumble in the Jungle Fight” ပွဲစဉ်ဟာ နာမည် အကြီးဆုံးပွဲ တပွဲဖြစ်ခဲ့ပြီး မိုဟာမက်အလီကို ရှုံးနိမ့်ခဲ့ကာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ ရတာ ဖြစ်ပါတယ်။ 

ဖိုမင်ဟာ ပရော်ဖက်ရှင်နယ်လက် ဝှေ့သမားဘဝ ၇၆ ပွဲအနိုင်ရထားသူဖြစ်ပြီး ၆၈ ပွဲ အလဲထိုး နိုင်ခဲ့သူ ဖြစ်ပါတယ်။ 

ဒါဟာ မိုဟာမက်အလီရဲ့ အလဲ ထိုးနိုင်ခဲ့တဲ့ပွဲအရေအတွက်ထက် ၂ ဆပိုများနေတာပဲဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ကစားသမားဘဝကနေ အနား ယူခဲ့တဲ့ ဖိုမင်ဟာ လျှပ်စစ်အသား ကင်စက် ရောင်းချတဲ့ အလုပ်ကို ပြောင်းလဲလုပ်ခဲ့တာတွေ့ရပါတယ်။ 

လျှပ်စစ်အသားကင်စက်ရောင်းချတဲ့ ဖိုမင်ဟာ လက်ဝှေ့ထိုးသတ်ချိန်ကထက် ဝင်ငွေ အမြောက်အများ ရခဲ့ပြီး ကြွယ်ဝ ချမ်းသာခဲ့ပါတယ်။ 

ဖိုမင်ဟာ အိမ်ထောင် ၅ ဆက် ကျခဲ့သူဖြစ်ပြီး သားသမီး ၁၂ ဦး ရရှိခဲ့ပါတယ်။ သူ့သား ၅ ယောက်ရဲ့ နာမည်ကို ဂျော့ဆိုတဲ့ နာမည်ထည့်သွင်းမှည့်ခေါ်စေခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013