Home
အနုပညာ
ဗစ်တာခင်ညို စျာပန စက်တင်ဘာ ၂၇ ရက် ပြုလုပ်မည်
DVB
·
September 25, 2025

စတီရီယို ခေတ်ဦးကာလကတည်းက ခိုင်ခိုင်မာမာရပ်တည်လာခဲ့တဲ့ ဂီတပညာရှင် ဗစ်တာခင်ညိုဟာ စက်တင်ဘာ ၂၅ ရက် ဒီ မနက် ၇ နာရီ၊ ရန်ကုန်မြို့က နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

လူကြီးရောဂါနဲ့ နေအိမ်မှာပဲ ဆုံးပါးသွားခဲ့တာလို့ ဗစ်တာခင်ညိုရဲ့တူ ကိုနန္ဒာက ပြောပါတယ်။

"ဦးဗစ်တာက ပုံမှန်အတိုင်းလူကြီးရောဂါပေါ့နော်။ ကျန်းမာရေးမကောင်းတာတော့နည်းနည်းကြာပြီ။ ဒီမနက် ၇ နာရီမှာတော့ ဆုံးသွားတယ်ပေါ့။ သူက အဓိကနှလုံးမကောင်းတာလည်းပါတယ်။ ဒီမနက်အိမ်မှာပဲ ဆုံးတာပါ။”

ဗစ်တာခင်ညိုဟာ နွေသီချင်းအပါအဝင် ဒီဇင်ဘာနံနက်ခင်း၊ နွေမှာဆို ရင်မှာပြာ၊ မြခွာညို စတဲ့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကိုသီဆိုခဲ့ပြီး တေးသီချင်းပေါင်း ၁၀၀ ကျော်နဲ့ တေးစီးရီးအခွေပေါင်း ၂၀ ကျော်ကို သီဆိုခဲ့ပါတယ်။

ဗစ်တာခင်ညိုရဲ့ နွေ၊ မြခွါညို၊ အလွမ်းသီချင်း၊ နွေသာဆိုရင်မှာပြာ၊ ကျူရှင်လှေကားရင်း စတဲ့ သီချင်းတွေကတော့ လက်ရှိအချိန်ထိ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

ဗစ်တာခင်ညို ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပြီဖြစ်ပြီး ဇနီးနဲ့ သား ၃ယောက် ကျန်ရစ်ခဲ့ပါတယ်။

ဗစ်တာခင်ညိုရဲ့  ဈာပန အခမ်းနားကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲ၊ ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024