Home
မြန်မာသတင်း
ဟင်္သာတတွင် စစ်ရှောင် ၅  ဦး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ 
DVB
·
September 25, 2025

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင် ၅ ယောက်ကို ဟင်္သာတမြို့နယ် တရားရုံးက အကြမ်းဖက်ဥပဒေတွေနဲ့ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင် ၅ ယောက်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ဒုတိယအပတ်က စစ်ကောင်စီတပ်က အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ပြီး ၅ ယောက်လုံးကို စက်တင်ဘာ ၂၄ ရက်က ဟင်္သာတမြို့နယ် တရားရုံးက တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တာလို့ သိရပါတယ်။ 

ဟင်္သာတမြို့နယ်တရားရုံးနဲ့ နီးစပ်သူက “ထောင်ဒဏ်ချပြီးတယ်ဆို ညနေဘက်မှာ ဟင်္သာတ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။ အကြမ်းဖက်အဖွဲ့တွေနဲ့ပတ်သက်မှုရှိတယ်လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး ထောင်ချတာ”လို့ ပြောပါတယ်။ 

ထောင်ဒဏ်ချမှတ်တာခံရတဲ့သူတွေဟာ အရပ်သား ရခိုင်စစ်ဘေးရှောင်တွေဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ပုဒ်မ ၅၀၅(က) စတဲ့ ပုဒ်မတွေနဲ့ တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တာခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့တိုက်ပွဲဖြစ်လို့ ဧရာဝတီတိုင်းကို စစ်ဘေးရှောင်လာတဲ့ စစ်ရှောင်တွေပါ။ ရခိုင် တိုင်းရင်းသားတွေလို့ သိရတယ်။ AA နဲ့ PDF  နဲ့ ပတ်သက်မှုရှိတဲ့လူတွေဆိုပြီးဖမ်းခဲ့တာ” လို့ ပြောပါတယ်။ 

ထောင်ဒဏ်ချမှတ်ခံရတဲ့ စစ်ဘေးရှောင် ၅ ယောက်ဟာ အသက် ၂၅ နှစ်အရွယ် ၂ ယောက်၊ အသက် ၃၀ ဝန်းကျင်  ၂ ယောက်၊ အသက် ၄၀ ကျော်အရွယ် တယောက်ဖြစ်ပြီး ဖမ်းဆီးခံရသူတွေဘက်က အရပ်သားတွေ ဖြစ်တယ်ဆိုတာ စစ်ကောင်စီ လက်အောက်ခံတရားရုံးကို ခုခံချေပခွင့် လုံးဝမရဘူးခဲ့လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024