
ရာနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ပီရူးမြို့တော် လီမာမှာ စက်တင်ဘာ ၂၁ ရက်က ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး မြို့တော်က အစိုးရအဆောက်အအုံတွေဆီ ချီတက်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ရဲတွေကို ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ကျည်ဆန်တွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို Generation Z လို့ခေါ်တဲ့ လူငယ်စုပေါင်းအဖွဲ့က စီစဉ်ခဲ့တာဖြစ်ပါတယ်။
အငြင်းပွားစရာ အငြိမ်းစားလစာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်အပေါ် မကျေနပ်ချက်တွေ၊ ဆက်တိုက်ဖြစ်နေတဲ့ အရှုပ်တော်ပုံတွေနဲ့ ရာဇဝတ်မှုတွေ မြင့်တက်လာတာတွေကြောင့် ထောက်ခံမှုအဆင့်တွေ ကျဆင်းသွားတဲ့ သမ္မတ ဒီနာ ဘိုလွာတေး အစိုးရကို လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။
ရဲတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဆန္ဒပြသူတွေကလည်း အာဏာပိုင်တွေကို အင်အားအလွန်အကျွံ သုံးတယ်၊ ရပ်ကြည့်နေသူတွေကို ခွဲခြားဆက်ဆံ ဖိနှိပ်ချုပ်ချယ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
Source: Reuters