
ကွင်းလယ်လူ ကိုးလ်ပါလ်မာဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိဘဲ ဝင်ကစားခဲ့တာဖြစ်ကြောင်း ချဲလ်ဆီး နည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။
ပါလ်မာဟာ ကြားရက်မှာကစားခဲ့တဲ့ဘိုင်ယန်နဲ့ ပွဲစဉ်မှာ ၁ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပေမဲ့ မန်ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြန်ရခဲ့တာပါ။
ပါလ်မာဟာ မန်ယူနိုက်တက်နဲ့ ပွဲအတွက် ရာနှုန်းပြည့်ကြံ့ခိုင်မှုမရခဲ့ပေမဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ထုတ်ပြနိုင်ခဲ့ကြောင်း၊ သူ့ရဲ့ပေါင်ခြံဒဏ်ရာက ကာလကြာရှည်နေပြီ ဖြစ်လို့ ပြဿနာတခု ဖြစ်လာကြောင်၊ ယူနိုက်တက်နဲ့ ပွဲမှာ မိနစ် ၂၀ လောက် ကစားအပြီးမှာ နာကျင်မှု ပြန်ဖြစ်လာတာကြောင့် လူစားလဲခဲ့ရတာဖြစ်ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
ပါလ်မာအနေနဲ့ ပေါင်ခြံဒဏ်ရာ ရရှိထားပေမဲ့ လာမဲ့တပတ်ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်ဖို့ ရှိပါတယ်။