Home
နိုင်ငံတကာ
ဟောင်ကောင်တွင် စစ်လက်ကျန်ဗုံးတွေ့ရှိမှုကြောင့် လူ ၆,၀၀၀ ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
September 20, 2025
Photo :Reuters

ဟောင်ကောင်မှာရှိတဲ့ Quarry Bay ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ စစ်လက်ကျန် ကီလို ၄၅၀ အလေးချိန်ရှိတဲ့ ဗုံးဟောင်းတလုံးတွေ့ရှိခဲ့လို့ အဆောက်အအုံ ၁၈ လုံးရှိ လူ ၆,၀၀၀ ကို မနက်  ၁၁ နာရီမတိုင်မီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဗုံးအန္တရာယ်ကြောင့် ရဲတပ်ဖွဲ့တွေနဲ့ ဒေသခံအဖွဲ့အစည်းတွေက ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အကြံပေးခဲ့တာပါ။

ဒီဗုံးဟာ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံး တလုံးဖြစ်ပြီး အမေရိကန်လေယာဉ်ပျံက ကြဲချခဲ့တာဖြစ်ကာ လက်ရှိအချိန်အထိ ပေါက်ကွဲနိုင်ခြေရှိပြီး အန္တရာယ်ရှိတဲ့ ဗုံးဖြစ်တယ်လို့ ဗုံးရှင်းလင်းရေးအဖွဲ့က ပြောပါတယ်။

မြေအောက်အနက် ၁၀ မီတာ မှာတွေ့ရှိခဲ့တာဖြစ်ပြီး ဗုံးရဲ့အရှည်က ၁ ဒသမ ၅ မီတာရှိပါတယ်။

ဒီလိုဗုံးအမျိုးအစားမျိုးကို ၂၀၁၈ ခုနှစ်တုန်းကလည်း ဝမ်ချီမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တွေ့ရှိခဲ့ဖူးတယ်လို့လည်း ဒေသခံအကြီးအကဲတယောက်က ပြောပါတယ်။

ဗုံးကိုတွေ့ရှိတဲ့နေရာမှာပဲ ရှင်းလင်းမယ်လို့ အရှေ့ပိုင်းနယ်မြေအကြီးအကဲက ပြောပြီး ဒေသခံ‌တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013