
ဟောင်ကောင်မှာ စနေနေ့က ကစားခဲ့တဲ့ ဆော်ဒီစူပါဖလားဖိုင်နယ်ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ ဘောလုံးကစားပုံကို ဟောင်ကောင်ပရိသတ်တွေက စိတ်လှုပ်ရှားစွာ သွားရောက် အားပေးခဲ့ကြပါတယ်။
ဒီပွဲစဉ်မှာ အယ်လ်ဟာလီအသင်းနဲ့ ရော်နယ်ဒို ပါဝင်ကစားတဲ့ အယ်လ်နာဆာအသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်နဲ့ အယ်လ်ဟာလီအသင်းက အနိုင်ရရှိခဲ့ပါတယ်။
အယ်လ်နာဆာအသင်းကစားသမား ရော်နယ်ဒိုကို ဟောင်ကောင်ပရိသတ်တွေက ပွဲကစားစဉ် တလျှောက်လုံး အားပေးခဲ့ကြပြီး ဗွီဒီယိုမှတ်တမ်းတွေ ရိုက်ယူခဲ့ကြသလို ပိုစတာတွေနဲ့အတူလည်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ယူခဲ့ကြပါတယ်။
ဒီပွဲစဉ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုဟာ အယ်နာဆာအသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။




