Home
မြန်မာသတင်း
ပူတာအိုတွင် ရေကြီးရေလျှံပြီး စပါးခင်း ဧက ၂၀၀ ခန့် ပျက်စီး
DVB
·
September 19, 2025
Putao-flood_19092025
Putao-flood3_19092025
Putao-flood1_19092025
Putao-flood4_19092025

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မန်စေခွန်းရွာမှာ ရေကြီးရေလျှံပြီး လယ်ကွင်းတွေပေါ် နုန်းမြေတွေ ဖုံးလွှမ်းသွားကာ စပါးခင်း ဧက ၂၀၀ လောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ မိုးများပြီး နမ့်ပလတ်ချောင်း ရေကြီးရေလျှံကာ ချောင်းဘေးမှာရှိတဲ့ မန်စေခွန်းရွာက စပါးခင်း ဧက ၂၀၀ ခန့်ကို ရေနစ်မြုပ်သွားကာ နုန်းမြေတွေ ဖုံးသွားတယ်လို့ ဆိုပါတယ်။

မိုးတွင်းကာလမှာ ချောင်း ရေကြီးရေလျှံတာ နှစ်တိုင်းလိုလို ဖြစ်လေ့ရှိပေမဲ့ အခုနောက်ပိုင်း ရေကြီးတာ ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“ချောင်းက နှစ်တိုင်းလိုလို ရေကြီးလေ့တော့ ရှိတယ်။ ဒါပေမဲ့ အရင်နှစ်တွေထက် အခုနောက်ပိုင်း ရေကြီးတာတွေက တော်တော် ဆိုးလာတယ်။ အရင်ကဆို တချို့လယ်တွေထဲ ရေတွေ ဝင်ပေမဲ့ အပျက်စီး အရမ်းမကြီဘူး။ အခုက စပါးခင်းအကုန်ရေတွေ မြုပ်ကုန်တာ။ ရေကျတဲ့အချိန်မှာတော့ နုန်းတွေ ဖုံးပြီး ကျန်နေတာ။ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ နောက်နှစ်တွေ လယ်ပြန်စိုက်ဖို့အတွက် နုံးတွေကို အရင် တော်တော် ရှင်းယူရမှာ။”

အဲဒီရွာဟာ စပါးကို ကိုယ်တိုင် စားသုံးဖို့အတွက်ကို အဓိက စိုက်ပျိုးကြတာ ဖြစ်ပြီး ဒီနှစ်အတွက် စပါးခင်း အများပြား ပျက်စီးသွားတာကြောင့် စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

"မနှစ်ကလည်း စပါး မဖူလုံဘူး ဒေသခံတွေက လက်ရှိ ဆန်နဲ့ သောက်သုံးရေ အဓိက အခက်ခဲ တွေ့နေရတယ်လို့ သိရပါတယ်။ ရှေ့ဆက် လယ်ယာတွေ စိုက်ပျိုးဖို့ အခက်ခဲ တွေ့နေရပါတယ်။ တောင်ခြေကျေးရွာ ဖြစ်တဲ့အတွက် လယ်မြေ အသစ်ဖော်ထုတ်ဖို့ နေရာမရှိဘူး။ မြို့နဲ့ ဝေးကွာလို့ နေ့စား အလုပ်အကိုင်လည်း မရနိုင်တော့ ဒုက္ခတော်တော် ရောက်နေကြတယ်လို့ သိရပါတယ်” လို့ ဒေသခံက ပြောပါတယ်။

နီးစပ်ရာနဲ့ အရပ်ဘက် အဖွဲ့စည်းတွေကနေ အကူညီတွေ ပေးနေပေမဲ့ အကူညီတွေ လိုအပ်နေဆဲပဲလို့ ပြေပါတယ်။

ဒီအခြေနေနဲ့ ပတ်သက်ပြီး တစုံတရာ လုပ်ပေးနေတာ ရှိမရှိ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေဝန်ကြီး ဦးမိုးမင်းသိန်းကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပူတာအိုခရိုင်ဟာ မိုးများပြီး မြစ်၊ ချောင်းတွေ ပေါများတဲ့ ဒေသဖြစ်တာကြောင့် နှစ်စဉ် ရေကြီးရေလျှံပြီး လယ်မြေနဲ့ လမ်းတွေ ပျက်စီးလေ့ရှိကာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ နောင်မွန်မြို့နယ်မှာ ရေကြီးရေလျှံပြီး လယ်စပါးခင်း ဧက ၁၀၀ ပျက်စီးသွားပါတယ်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မန်စေခွန်းရွာမှာ ရေကြီးရေလျှံ ဖြစ်ပြီး လယ်တွေပေါ် နု◌န်းတွေဖုံးသွားပြီး စပါးခင်း ဧက ရာချီ ဆုံးရှုံးသွားတာကို တွေ့ရစဉ်။ (Photo-CJ)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013