
အိန္ဒိယနိုင်ငံမှာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၆ ရက်က နိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်နဲ့ မြောက်ပိုင်း ဟီမာချလ် ပရာဒက်ရှ်ပြည်နယ်တွေ အပါအဝင် အိန္ဒိယရဲ့ နေရာအတော်များများမှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
လျှံတက်လာတဲ့ ဝမ်ဂျင်းမြစ်နဲ့ ဒန်ဆီရီမြစ်တွေကြောင့် အင်မ်ဖာလ်ပြည်နယ်နဲ့ ဂိုလဂတ်ပြည်နယ်တွေရှိ ကျေးရွာအများအပြားမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြေပြိုမှုတခုက ဟီမာချလ် ပရာဒက်ရှ်ပြည်နယ်ရဲ့ မြို့တော် ရှင်းမ်လားကို ဝင်တိုက်ခဲ့ပြီး လူနေအိမ်တွေနဲ့ ပစ္စည်းတွေ အများအပြား ပျက်စီးခဲ့ပါတယ်။
“ရေကြီးရေလျှံက ၃ ရက်လောက် ရှိနေပြီး ခုထိ ရေပြန်မကျသေးဘူး” လို့ ဒေသခံ ဒန်တီ အလီက ပြောပါတယ်။
နီးပ်ကို အရှေ့မြောက် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ရေတံခါးတွေ အကုန်ဖွင့်ချထားပြီး ဒန်ဆီရီမြစ်ရေတွေက ဒီဒေသမှာ လျှံနေတယ်လို့ ဆိုပါတယ်။
ပန်ဂျပ်ဘ်ပြည်နယ်နဲ့ ဥတ္တရာခန်း ပြည်နယ်တို့လို တခြားပြည်နယ်အများအပြားဟာ အခုနှစ်မှာ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အခုမုတ်သုံရာသီအတွင်းမှာ အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ပြီး ပန်ဂျပ်ဘ်ပြည်နယ်ရှိ ရွာပေါင်း ၂,၀၀၀ လောက် ရေနစ်မြုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
မုတ်သုံရာသီဟာ အိန္ဒိယနိုင်ငံရဲ့ ဒေါ်လာ ၄ ထရီလီယံနီးပါး စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်ပြီး မိုးရွာသွန်းမှုရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို စိုက်ခင်းတွေဆီ ရေရရှိဖို့နဲ့ မြေအောက်ရေလွှာတွေနဲ့ ရေလှောင်တမံတွေကို ရေတွေ ပြန်ဖြည့်ပေးပါတယ်။
ဒါပေမဲ့ မိုးအလွန်အကျွံ ရွာသွန်းမှုကြောင့်လည်း မကြာခဏ ရေကြီးတတ်ပါတယ်။
Source: Reuters