ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ် မာနယ်ပလောသစ်စက်ဂိတ်မှာ မကြာသေးခင်က ဖမ်းဆီးရမိခဲ့တဲ့ WY စိတ်ကြွမူးယစ်ဆေးပြား ၅ သန်းကို စက်တင်ဘာ ၁၉ ရက်က ဒီနေ့မနက် ၉ နာရီလောက်က KNLA စစ်ဌာနချုပ်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဆိုပါ မူးယစ်ဆေးတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းကနေ ကယားနယ်စပ်ဘက်ကို မူးယစ်မှောင်ခိုသမားတွေက စက်လှေနဲ့ သယ်ဆောင်လာတဲ့ ဆေးပြားတွေဖြစ်ပြီး မာနယ်ပလော သစ်စက်ဂိတ် KNLA စစ်ဆေးရေးဂိတ်မှာ စက်လှေပေါ် ပါလာတဲ့ ပစ္စည်းတွေကို စစ်ဆေးရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး စက်လှေမောင်းသူတယောက်နဲ့ လိုက်ပါသူတယောက် စုစုပေါင်း ၂ ယောက်ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးလိုက်ပါတယ်။
KNU အဖွဲ့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ကြီးလေးတဲ့ ရာဇဝတ်မှုတခုအဖြင့်သတ်မှတ်ထားပြီး အခုဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သူ ၂ ယောက်ကို ကရင်ရဲတပ်ဖွဲ့ (KNPF) က အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ဖိုးစီ