
တောင်ကိုရီးယားသမ္မတကတော်ဟောင်း ဂင်မ်ဂွမ်ဟီးကို လာဘ်ထိုးမှုမှာ ပါဝင်ပတ်သက်နေမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၇ ရက်က ပေါင်းစည်းရေးဘုရားကျောင်း ခေါင်းဆောင် ဟန်ဟက်ဂျာကို အစိုးရရှေ့နေတွေက အချိန် ၉ နာရီကျော် မေးမြန်းစစ်ဆေးခဲ့ပါတယ်။
ဟန်ဟက်ဂျာဟာ ဘီးတပ်ကုလားထိုင်နဲ့ အစိုးရရှေ့နေရုံးက ပြန်ထွက်လာချိန်မှာ မီဒီယာတွေ ဝိုင်းအုံမေးမြန်းနေတဲ့ကြားကနေ ဖြတ်သန်းလာပြီး စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
လာဘ်ပေးလာဘ်ယူ ခိုင်းစေခဲ့ခြင်း ရှိ မရှိ မေးမြန်းရာမှာ “မရှိဘူး” လို့ ခပ်ပြင်းပြင်း တုံ့ပြန်ခဲ့ပါတယ်။
ဟန်ဟက်ဂျာဟာ အရင်သမ္မတကတော် ဂင်မ်ဂွမ်ဟီးနဲ့ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးနဲ့ ရင်းနှီးတဲ့ မဟာမိတ် ဝါရင့်လွှတ်တော်အမတ် ဂွမ်ဆောင်းဒုန် တို့ကို လာဘ်ထိုးဖို့ ဘာသာရေးအဖွဲ့ကို ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
Source: Reuters