Home
မြန်မာသတင်း
ရေကြည်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် နေအိမ်များ ပျက်စီး
DVB
·
September 18, 2025
Photo: HtooHtet

ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျေးရွာတွေက အရပ်သားတွေနေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲချတာကြောင့် အရပ်သားတွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ ရက် မနက်အစောပိုင်းက ရေကြည်မြို့နယ်ထဲက ငှက်သိုက်၊ မြတ်တို၊ ဆီဆုံကုန်း စတဲ့ကျေးရွာတွေကို လေကြောင်းကနေ ၃ ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့တာကြောင့် နေအိမ်တွေ အများအပြား မီးလောင်ပျက်စီးကုန်တာလို့ ဆိုပါတယ်။

ဖြစ်စဉ်ကိုသိရှိတဲ့ ရေကြည်ဒေသခံတယောက်က “မနက် ၃ နာရီ၊ ၅ နာရီနဲ့ ၆ နာရီလောက်အချိန်တွေမှာ ဗုံးကြဲချတာ။ အရပ်သားတွေက စစ်ရှောင်နေတော့ ထိခိုက်တာမရှိပါဘူး။ အိမ်တွေပဲ မီးလောင်ပျက်စီးကုန်တာ” လို့ ပြောပါတယ်။

အဲဒီကျေးရွာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေ အသုံးပြုပြီး ဖျက်အားပြင်းဗုံးတွေနဲ့ ကြဲချနေတာကြောင့် ပျမ်းမျှ နေအိမ် ၂၀ ကျော်အထိ ပျက်စီးနိုင်ခြေရှိပြီး အခုထက်လည်း ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ်က တပ်နဲ့နီးစပ်သူတယောက်က “အခုဗုံးကြဲချခံရတဲ့ နေရာတွေက တိုက်ပွဲမရှိတဲ့ နေရာတွေပါ။ ပြီးခဲ့တဲ့ရက်က အရပ်သားတွေကို ပြောင်းရွှေ့ခိုင်းတဲ့နေရာတွေပါ။ မြေပြင်တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ အခု တပ်က နယ်မြေရှင်းလင်းတဲ့ပုံစံနဲ့ ဆက်တိုက်ဗုံးကြဲချနေတာ” လို့ ပြောပါတယ်။

အခုဗုံးကြဲခံရတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး အရပ်သားထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ရေကြည်မြို့နယ်ထဲက အရပ်သားတွေနေတဲ့ရွာထဲကို ဗုံးကြဲချတာအပြင် မြေပြင် စစ်အင်အားဖြည့် ထိုးစစ်ဆင်တာတွေပါ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013