
ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းက ပိုလန်နဲ့ အရှေ့ဥရောပ လေပိုင်နက်ကိုကာကွယ်ဖို့ ရာဖှယ် တိုက်လေယာဉ် ၃ စင်း စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ စက်တင်ဘာ ၁၁ ရက်မှာ ကြေညာပါတယ်။
အမှုထမ်းတွေ၊ စက်ကိရိယာတွေနဲ့ ခဲယမ်းမီးကျောက်တွေနဲ့အတူ လေယာဉ်တွေကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ နယ်နမိတ်အရှေ့ဘက်ဆီ စေလွှတ်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်မှာ လုပ်ငန်းစလည်ပတ်ခဲ့တယ်လို့ ပြင်သစ်စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။
ယူကရိန်းစစ်ပွဲစတင်ကတည်းက မဟာမိတ်အဖွဲ့ဝင်နိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၁၀ ရက်မှာ လေပိုင်နက်ကိုချိုးဖောက်ခဲ့တဲ့ ရုရှားဒရုန်းတွေကို ပိုလန်နိုင်ငံက ပစ်ချခဲ့ပါတယ်။
အခုသီတင်းပတ်အစောပိုင်းက ပိုလန်လေပိုင်နက်အတွင်း ရုရှားဒရုန်းတွေ ကျူးကျော်ဝင်ရောက်လာတာကိုတုံ့ပြန်ဖို့ အရှေ့ပိုင်းကင်းသမားလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးကို နေတိုးက သောကြာနေ့မှာ စတင်ခဲ့ပါတယ်။
Source: Reuters