Home
နိုင်ငံတကာ
နီပေါ တရားသူကြီးချုပ်ဟောင်း ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်
DVB
·
September 14, 2025
Photo: Nepal's President Office/Handout via REUTERS

နီပေါနိုင်ငံက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ကေပီ ရှာမား အိုလီ ရာထူးကနေ နုတ်ထွက်သွားပြီးနောက် တရားသူကြီးချုပ်ဟောင်း ဆူရှီလာကာကိ ဟာ နီပေါနိုင်ငံကို ဦးဆောင်တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာပြီး စက်တင်ဘာ ၁၂ ရက်မှာ ကြားဖြတ်ခေါင်းဆောင်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ 

နီပေါသမ္မတ ရမ်ချန်ဒြာပေါင်ဒဲလ်၊ စစ်တပ်အကြီးအကဲ အရှော့ခ်ရာ့ဂျ်ဆစ်ဂ်ဒဲလ်နဲ့ နီပေါနိုင်ငံရဲ့ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး အုံကြွမှုကို ဦးဆောင်ခဲ့တဲ့ ဆန္ဒပြသူတွေအကြား ညှိနှိုင်းမှုအပြီးမှာ သမ္မတ ပေါင်ဒဲလ်ရဲ့ ရုံးခန်းက ဆူရှီလာကာကိကို ယာယီခေါင်းဆောင်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

နီပေါနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ်အဖြစ် ဆူရှီလာကာကီ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်တရက် စက်တင်ဘာလ ၁၃ ရက် က ခတ္တမန္ဒူမှာ နေထိုင်သူတွေက အပြုသဘောဆောင် ထောက်ခံကြောင်း ပြောကြပါတယ်။

အစိုးရသစ်အနေနဲ့ နိုင်ငံရဲ့ အကျင့်ပျက် ခြစားမှုတွေ ကင်းစင်အောင်၊ အဂတိလိုက်စားမှု ကင်းစင်တဲ့ နိုင်ငံတော်ဖြစ်အောင်၊ အစိုးရအဖွဲ့ဝင်တွေကိုလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းလုပ်ဆောင်သင့်ကြောင်း၊ အုပ်ချုပ်မှု တိုးတက်ကောင်းမွန်ရေးနဲ့ အဂတိလိုက်စားမှု ကင်းစင်ရေးတို့ကို အဓိကထား အာရုံစိုက်သင့်ကြောင်းနဲ့ သူတို့လုပ်ဆောင်သမျှ အားလုံးဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို ဦးတည်တာဖြစ်သင့်ကြောင်း  လူထုရဲ့ မျှော်လင့်ချက်ကို ပြောဆိုကြပါတယ်။ 

တရားရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့ တဦးတည်းသော အမျိုးသမီး ဆူရှီလာကာကိရဲ့ ရိုးသားမှု၊ သမာသမတ်ကျမှုနဲ့ အကျင့်ပျက်ခြစားမှုကိုဆန့်ကျင်တဲ့ ရပ်တည်ချက်အတွက် ဂုဏ်သတင်းရှိမှုတွေကို ကိုးကားပြီး ဆန္ဒပြသူတွေက ဦးစားပေးရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။ 

ဆူရှီလာကာကိဟာ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းအထိ တရားရေးဆိုင်ရာ ထိပ်တန်းရာထူးကို ၁ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013