
ခတ္တမန္ဒူမြို့တော်ရှိ ဒစ်လီဘဇာအကျဉ်းထောင် မီးရှို့ခံရပြီးနောက်မှာ နီပေါစစ်သားတွေဟာ ထွက်ပြေးလာခဲ့တဲ့ အကျဉ်းသားတွေကို စက်တင်ဘာ ၁၀ ရက်မှာ ဝိုင်းရံထားပါတယ်။
စစ်တပ်က အခြေအနေကို မထိန်းချုပ်ရသေးချိန်မှာ အကျဉ်းသားတွေက ထောင်ကို မီးရှို့ခဲ့တာဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရာဂျာရမ်ဘက်စ်နက်က ပြောပါတယ်။
နီပေါစစ်တပ်က အရာရှိတွေဟာ အကျဉ်းသားတွေကို ကားပေါ် ခေါ်မတင်ခင်မှာ အကျဉ်းသားတွေနဲ့ ညှိနှိုင်းပြောဆိုခဲ့ကြပါတယ်။
လူမှုကွန်ရက် X မှာ တင်ထားတဲ့ ပန်ကြားစာမှာတော့ တားမြစ်မိန့်ဟာ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းအထိ ဆက်လက်အသက်ဝင်မှာဖြစ်တယ်လို့ စစ်တပ်က ပြောကြားပြီး ဆန္ဒပြပွဲတွေအပြီးမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ထားကြောင်း မီဒီယာတွေက ပြောကြားခဲ့ပြီး အသေးစိတ်ကိုတော့ မသိရပါဘူး။
ဆင်းရဲနွမ်းပါးတဲ့ ဟိမဝန္တာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဆိုရှယ်မီဒီယာ ပိတ်ပင်မှုကို ကြေညာခဲ့ပြီးနောက်မှာ ကသောင်းကနင်းဖြစ်မှုတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
Source: Reuters