
မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့် အာဏာရပါတီရဲ့ညီလာခံမှာ နျူကလီးယားလက်နက်နဲ့ သမားရိုးကျ စစ်ရေးအင်အားကို ပူးတွဲမြှင့်တင်ရေးဆိုင်ရာ မူဝါဒတရပ်ကိုတင်ပြမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကပြောတဲ့ အကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က သတင်းထုတ်ပါတယ်။
စက်တင်ဘာ ၁၁ ရက်နဲ့ စက်တင်ဘာ ၁၂ ရက်တို့မှာ လက်နက်သုတေသနဌာနတွေကို စစ်ဆေးနေချိန်အတွင်းမှာ ကင်မ်ဂျုံအန်းက ပြောကြားခဲ့တာပါ။
“၉ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီကွန်ဂရက်ဟာ နိုင်ငံတော်ကာကွယ်ရေးကို တည်ဆောက်ရေးနယ်ပယ်မှာ နျူကလီယားတပ်ဖွဲ့နဲ့ သမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့တွေ တည်ဆောက်ရေးကို တပြိုင်နက် တွန်းအားပေးတဲ့ မူဝါဒကို ချမှတ်သွားမှာ ဖြစ်တယ်။”
ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၁၂ ရက်မှာ မြောက်ကိုရီးယားစနိုက်ပါတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုလေ့ကျင့်မှုကို ကြီးကြပ်ခဲ့ကြောင်းလည်း KCNA ပြောပါတယ်။
ဒီလအစောပိုင်းမှာ ကင်မ်ဂျုံအန်းဟာ ပေကျင်းကိုသွားရောက်ခဲ့ပြီး သူ့ရဲ့ အကြီးမားဆုံး နိုင်ငံတကာ မဟာမိတ်အစည်းအဝေးကိုတက်ရောက်တာနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာ သူ့ရဲ့ နိုင်ငံတကာပုံရိပ်ကို မြှင့်တင်နေသလို ပြည်တွင်းလှုပ်ရှားမှုတွေလည်း ဆက်တိုက်ထွက်ပေါ်လာနေပါတယ်။
Source:Reuters