
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့နိုင်ငံဟာ ရုရှားစစ်တပ်ကို ညီနောင်မဟာမိတ် တာဝန်အဖြစ် အပြည့်အဝ ထောက်ခံမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် ကလည်း နှစ်နိုင်ငံ ဆက်ဆံရေးဟာ အထူးတလည်ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ခေါင်းဆောင် ကင်မ် နဲ့ ပူတင်တို့ဟာ ပေကျင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ တရားဝင်လက်နက်ချခြင်း အထိမ်းအမှတ် အခမ်းအနားတွေရဲ့အပြင်မှာ စက်တင်ဘာ ၃ ရက်က အစည်းအဝေး လုပ်ခဲ့ပါတယ်။
ကင်မ်နဲ့ ပူတင်တို့ဟာ မိတ်ဖက်ဆက်ဆံရေးအတွက် ရေရှည်အစီအစဉ်တွေကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်မြင့်အထိ မြှင့်တင်ဖို့ သူတို့ရဲ့ ‘တည်ကြည်တဲ့ သဘောဆန္ဒ’ ကို ထပ်မံ အတည်ပြုခဲ့ကြတယ်လို့လည်း KCNA က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ခေါင်းဆောင် ၂ ယောက်ဟာ လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရင် တဖက်နဲ့တဖက် အကူအညီတွေပေးဖို့ တောင်းဆိုထားတဲ့ အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
Source: Reuters