Home
နိုင်ငံတကာ
ယူကရိန်းဘက်မှ မညှိလျှင် စစ်ဆက်တိုက်မည်ဟု ပူတင် ပြော
DVB
·
September 4, 2025
Photo: Sputnik/Mikhail Tereschenko/Pool via REUTERS

ယူကရိန်းဘက်ကသာ သဘောတူညီချက်မယူဘူးဆိုရင် ရုရှားနိုင်ငံဟာ ရည်မှန်းချက်အားလုံး အထမြောက်သည်အထိ ဆက်တိုက်သွားဖို့ ဆန္ဒရှိတယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။

တရုတ်မှာ ကျင်းပတဲ့ အောင်ပွဲနေ့ စစ်ရေးပြပွဲအပြီး သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ပူတင်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စစ်ပွဲအဆုံးသတ်ရေး ပူတင်ကို တိုက်တွန်းနေပေမဲ့ ပူတင်ကတော့ ထရမ့်ပ်ရဲ့ ‘ရိုးသားတဲ့ဆန္ဒ’ကို ချီးကျူးတယ် ပြောပြီးတော့ ဘာမှ ဆက်မလုပ်ခဲ့ပါဘူး။ 

ပူတင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးနဲ့ တွေ့ဆုံဖို့ ထရမ့်ပ်က  ကြိုးစားခဲ့ပေမဲ့ ရုရှားဘက်က အခုအချိန်အထိ မတင်မကျ ပြောနေဆဲ ဖြစ်ပါတယ်။

အခု သတင်းစာရှင်းလင်းပွဲမှာလည်း ပူတင်က “ဒီလိုဆွေးနွေးပွဲမျိုး မဖြစ်နိုင်ဘူးလို့ ကျုပ် တခါမှ မပယ်ချခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဘာများထူးမှာ မို့လို့လဲ။ ကြည့်ကြတာပေါ့”လို့  ထပ်ပြောခဲ့ပါတယ်။ 

အဲဒီလိုမျိုး ဆွေးနွေးဖို့ဆိုတာ ရလဒ်ထွက်အောင် ကြိုတင်ပြင်ဆင်ထားဖို့လိုပြီး၊ ဇလန်းစကီး  အနေနဲ့ သူနဲ့တွေ့ချင်ရင် မော်စကိုကို အချိန်မရွေး လာလို့ရတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ 

ရုရှားမြေမှာ သွားဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘဲ ကြားနိုင်ငံတခုမှာ ဆွေးနွေးဖို့ ယူကရိန်းဘက်က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ပူတင်ဘက်က မတွေ့ဘဲ ရှောင်နေတာကြောင့် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်ဖို့နဲ့ ယူကရိန်း ကာကွယ်ရေးမြှင့်တင်ပေးဖို့ ထရမ့်ပ်ကို ဇလန်းစကီးက တောင်းဆိုထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013