Home
မြန်မာသတင်း
မြိုင်မြို့နယ်၌  စစ်တပ်ကဗုံးကြဲ၊ ကျေးရွာဆေးရုံဟောင်းနှင့် ဓာတ်အားလိုင်းများ ပျက်စီး
DVB
·
September 12, 2025
Photo: မြိုင်ဒေါင်းမင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့
Photo: မြိုင်ဒေါင်းမင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့
Photo: မြိုင်ဒေါင်းမင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို စက်တင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ ကျေးရွာဆေးရုံဟောင်း အပါအဝင် ဓာတ်အားလိုင်းတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “မြိုင်မြို့နယ် အလယ်ကြောမှာရှိတဲ့ ညောင်ကုန်းရွာရဲ့ အနောက်မြောက်ဘက်နားကို​ လေယာဥ်နဲ့ ဗုံး ၂ လုံး ကြဲသွားတာပါ။ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ပြည်သူထိခိုက်တာလည်း မရှိပါဘူး။ အသုံးမပြုတော့တဲ့ ကျေးရွာပိုင် ဆေးရုံဟောင်း ပျက်စီးသွားပြီးတော့ ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်ကုန်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က ဗုံးကြဲချသွားတဲ့ လေယာဥ်ဟာ FTC 2000G အမျိုးအစား ဂျက်လေယာဥ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြိုင်ဒေါင်းမင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူက “အဲဒီလေယာဥ်က မိတ္ထီလာ ရှမ်းတဲလေတပ်ဘက်က တက်လာပြီး ကြဲသွားတဲ့ဗုံးက ပေါင် ၂၅၀ ဗုံး ၂ လုံးလို့ သိရတယ်ဗျ” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ​ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့​တွေဘက်က အခါအားလျော်စွာ ထုတ်ပြန်တဲ့ လေကြောင်းရန်သတိပေးချက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို မဖြစ်မနေ ပြုလုပ်ထားကြဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သြဂုတ် ၃၀ ရက်ကလည်း မြိုင်မြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ လယ်တီကျေးရွာအနီးကို ပခုက္ကူ တပ်မ ၁၀၁ ထဲက တက်လာတဲ့ စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၆၀ ဝန်းကျင် အမျိုးသမီးတယောက် မစိုးရိမ်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013