Home
အားကစား
ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်အတွက် ချန်ပီယံရှစ် ပလေးအော့ဖ်ပွဲစဉ်များ ထပ်တိုးရန်စီစဉ်
DVB
·
September 12, 2025
Photo: Reuters

ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်အတွက် ချန်ပီယံရှစ် ပလေးအော့ဖ်ပွဲစဉ်တွေကို ထပ်တိုးကျင်းပဖို့ စီစဉ်နေပါတယ်။

လက်ရှိစည်းမျဉ်းအရဆိုရင် ချန်ပီယံရှစ်မှာ အဆင့် ၁ နဲ့ အဆင့် ၂ ရတဲ့ အသင်းတွေက ပရီးမီးယားလိဂ်ဆီ တိုက်ရိုက်တန်းတက်ခွင့်ရပြီး အဆင့် ၃ ကနေ ၆ အထိ အသင်းတွေက ပလေးအော့ဖ် ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကြရတာပါ။

ပြောင်းလဲကျင်းပဖို့ စီစဉ်နေတဲ့ စည်းမျဉ်းသစ်မှာတော့ အဆင့် ၇ နဲ့ ၈ က အသင်းတွေပါ ပလေးအော့ဖ် ပထမအဆင့်အဖြစ် ယှဉ်ပြိုင်ကစားခွင့်ပေးမှာပါ။

အဆင့် ၅ ရတဲ့အသင်းက အဆင့် ၈ ရတဲ့အသင်းနဲ့ ပလေးအော့ဖ် ပထမအဆင့်အဖြစ် အိမ်ကွင်းမှာ တကျော့တည်း ကစားရမှာဖြစ်ပြီး အဆင့် ၆ ရတဲ့အသင်းက အဆင့် ၇ ရရှိတဲ့အသင်းနဲ့ အလားတူ ယှဉ်ပြိုင်သွားရမှာပါ။

ပလေးအော့ဖ် ပထမအဆင့်မှာ အနိုင်ရတဲ့ ၂ သင်းက အဆင့် ၃ နဲ့ ၄ ရတဲ့ အသင်းတွေနဲ့ လက်ရှိစည်းမျဉ်းအတိုင်း ဆက်လက် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရတဲ့ ၂ သင်းက ပလေးအော့ဖ် ဗိုလ်လုပွဲကစားပြီး ပရီးမီးယားလိဂ် တန်းတက်ခွင့်အတွက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013