
ဂျေရုဆလင် မြို့တော်နားမှာ အချက်ပေး ဥသြသံတွေ မြည်လာပြီးတဲ့နောက် ယီမင်နိုင်ငံကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ်က စက်တင်ဘာ ၉ ရက်မှာ ပြောပါတယ်။
အစ္စရေးက ကာတာနိုင်ငံထဲမှာနေတဲ့ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်တွေကို သတ်ဖို့ ကြိုးပမ်းရင်း ကာတာနိုင်ငံကို တိုက်ခိုက်ပြီးတဲ့နောက် နာရီပိုင်းအကြာမှာ ခုလိုတုံ့ပြန်ခံရတာပါ။
လတ်တလော အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေး ပြင်းထန်နေပြီး ဘိတ်ထ်ရှယ်မက်မြို့နဲ့ ဟီဘရွန်မြို့တွေ၊ ဂျေရုဆလင် ဧရိယာတလျှောက်နဲ့ ပင်လယ်သေဒေသမှာ အချက်ပေးဥဩသံတွေ ပဲ့တင်ထပ်ခဲ့ပြီး ယီမင်နိုင်ငံက ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က အင်္ဂါနေ့ညနေပိုင်းမှာ သတိပေးခဲ့ပါတယ်။
ဒီပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံသားတွေ အသေအပျောက်ရှိတဲ့သတင်းတွေကတော့ မရရှိသေးပါဘူး။
Source: Reuters