
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အစ္စရေးနဲ့ ပွဲအပြီးမှာ အီတလီနည်းပြ ဂတ်တူဆိုက ပြိုင်ဘက်ကစားသမားနဲ့ အချင်းများခဲ့ပါတယ်။
ဟန်ဂေရီမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ အီတလီအသင်းက ၄ ဂိုး ၂ ဂိုး ရလဒ်အထိ ဦးဆောင်ထားပေမဲ့ ချေပဂိုး ၂ ဂိုးပေးရပြီး သရေပွဲဖြစ်ဖို့ နီးစပ်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၉၁ မိနစ်မှာ တိုနယ်လီက အနိုင်ဂိုးသွင်းခဲ့လို့ ၅ ဂိုး ၄ ဂိုးနဲ့ အီတလီအသင်း နိုင်ပွဲရသွားတာပါ။
ပွဲအပြီးမှာတော့ အီတလီ ဂန္ထဝင်ကစားသမားလည်းဖြစ်တဲ့ နည်းပြဂတ်တူဆိုဟာ အစ္စရေး တိုက်စစ်မှူး ဒေါ်တာ့ချ်မန်းနဲ့ အချင်းများခဲ့ပြီး အသင်းသားတွေက ဝိုင်းဝန်းဖျန်ဖြေပေးခဲ့ရပါတယ်။
နည်းပြဂတ်တူဆိုကတော့ နည်းပြဘဝတလျှောက် ပါဝင်ပတ်သက်မှု အများဆုံးနဲ့ ရူးသွပ်စရာ အကောင်းဆုံးပွဲ ဖြစ်ပြီး အချင်းများမှုက မိမိပြဿနာသာဖြစ်ပြီး ကစားသမားတွေနဲ့ မသက်ဆိုင်ကြောင်း ပြောသွားပါတယ်။