Home
နိုင်ငံတကာ
Apple က iPhone Air မော်ဒယ်အသစ် မိတ်ဆက်
DVB
·
September 10, 2025
Photo: Reuters

Apple ဟာ ပါးလွှာတဲ့ iPhone Air မော်ဒယ်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ A19 Pro ချစ်ပ်အသစ် ပရိုဆက်ဆာကို အသုံးပြုထားတဲ့ iPhone Air ဟာ ကြာရှည်ခံတဲ့ ဘက်ထရီ အသုံးပြုထားပြီး တနေ့လုံး အသုံးပြုလို့ရမယ်လို့ ပြောထားကာ ၉၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။

ဒီ iPhone Air ကို စီအီးအို တင်ကွတ်က “game changer” လို့ ခေါ်ဆိုခဲ့ပြီး ဒီဖုန်းလောက် အကြမ်းခံတဲ့ iPhone မရှိဘူးလို့ ဆိုပါတယ်။

iPhone Air ဟာ ၆ ဒသမ ၅ လက်မ Retina XDR Display ဖြစ်ပြီး refresh rate 120 Hz နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာက ၄၈ megapixel ရှိကာ back ကင်မရာကို အသုံးပြုထားပြီး front camera က ၁၈ megapixel ရှိမှာဖြစ်ပါတယ်။

iPhone Air တွေအားလုံးကို eSIM နဲ့ တကမ္ဘာလုံးကို ရောင်းချမှာဖြစ်ပါတယ်။ iPhone Air ကို Sky blue၊ Light Gold၊ Cloud White၊ Space Black စတဲ့ အရောင် ၄ ရောင်နဲ့ ရရှိမှာ ဖြစ်ပါတယ်။

Apple ဟာ အသစ်ထွက် iPhone Air တမျိုးတည်းကိုပဲ titanium Body အသုံးပြုထားပြီး iPhone 17 စီးရီးကိုတော့ aluminum Body ကို အသုံးပြုထားပါတယ်။

Apple က iPhone Air အပြင် iPhone 17 စီးရီး အပါအဝင် AirPods Pro အသစ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

iPhone 17 ဟာ 256 gb ပါဝင်ပြီး  ၇၉၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပါတယ်။ ဒါဟာ iPhone 16 တုန်းက 128 gb နဲ့ စတင်ခဲ့တာဖြစ်ပြီး iPhone 17 မှာ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ iPhone 17 မှာ အရောင် ၅ ရောင်နဲ့ ရရှိမှာဖြစ်ပါတယ်။

iPhone 17 Pro ကတော့ ဒေါ်လာ ၁,၀၉၉ ကနေ စတင်မှာဖြစ်ကာ Storage 256 gb ပါဝင်ပါတယ်။

iPhone 17 Pro နဲ့ Pro Max မှာ အရောင် ၃ ရောင်နဲ့ ရရှိမှာဖြစ်ပါတယ်။ AirPods Pro 3 အသစ်မှာတော့ ဘာသာစကားတွေ ဘာသာပြန်ပေးနိုင်တဲ့ live translation ပါဝင်မှာဖြစ်ပါတယ်။

လူ ၂ ယောက်က AirPods Pro 3 တွေ တပ်ဆင်ပြီး စကားပြောမယ်ဆိုရင် တကယ့် အပြင်ကအတိုင်း ဘာသာပြန်ပေးနိုင်တယ်လို့ Apple က ပြောဆိုထားပါတယ်။

AirPods အသစ်ကို ၂၄၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး Apple Watch မှာ သွေးပေါင်ချိန်တိုင်းတာနိုင်မှုတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024