Home
နိုင်ငံတကာ
ဆမ်ဆောင်း ခေါက်ဖုန်းသစ်များ မိတ်ဆက်
DVB
·
July 10, 2025
Photo: Reuters

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီဟာ ပိုမို ပေါ့ပါးတဲ့ Galaxy Z Fold 7 နဲ့ Z Flip 7 ဖုန်းသစ်တွေကို နယူးယောက်မှာ မိတ်ဆက်သွားခဲ့ပါတယ်။

ဆမ်ဆောင်းဟာ ၂၀၂၃ မှာ ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းထုတ်လုပ်သူနေရာကနေ  အက်ပဲလ်ကို ပြန်လွှဲပေးခဲ့ရသလို တရုတ်ဖုန်းကုမ္ပဏီတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဆမ်ဆောင်းရဲ့ ပင်မလုပ်ငန်းဖြစ်တဲ့ ချစ်ပ်လုပ်ငန်းဟာလည်း အသိဉာဏ်တု AI ချစ်ပ်ထုတ်လုပ်မှုမှာ Nvidia ကုမ္ပဏီထက် နှောင့်နှေးမှုတွေ ရှိနေတာကြောင့် အမြတ်အစွန်း ထိုးကျခဲ့ပါတယ်။

ဆမ်ဆောင်းရဲ့ ဖုန်းသစ်တွေဟာ ခေါက်ဖုန်းတွေမှာ ကြုံရတဲ့ ပြဿနာဖြစ်တဲ့ ခေါက်ထားတဲ့အခါ ထူထဲနေမှုကို လျှော့ချနိုင်ဖို့နဲ့ ပရီမီယံဆန်တယ်လို့ ခံစားမိဖို့ အဓိကထား ဖန်တီးထားတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

Z Fold 7 မှာ Qualcomm ရဲ့ Snapdragon 8 Elite သုံးထားပြီးတော့ Z Flip 7 မှာတော့ ကိုယ်တိုင်ထုတ်တဲ့ Exynos ချစ်ပ်ပဲ သုံးထားပါတယ်။

Z Fold 7 ဟာ ရှေ့မိုဒယ်ထက် ၁၀ ရာခိုင်နှုန်း ပိုပေါ့သလို ၂၆ ရာခိုင်နှုန်း ပိုပါးသွားပါတယ်။ Galaxy Z Fold 7 စျေးနှုန်းကတော့ ရှေ့မိုဒယ်ထက် ၅ ရာခိုင်နှုန်း ပိုများသွားပြီး ၁,၉၉၉ ဒေါ်လာ ဖြစ်သွားပါတယ်။ ဇူလိုင် ၂၅ ရက်မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး ကြိုတင်မှာယူမှုတွေ လက်ခံနေပြီ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013