Home
နိုင်ငံတကာ
ဆမ်ဆောင်းက AI အထူးပြု Galaxy S25 ဖုန်းစီးရီး မိတ်ဆက်
DVB
·
January 23, 2025
Photo: REUTERS/Laure Andrillo

ဆမ်ဆောင်း အီလက်ထရောနစ်ဟာ ဇန်နဝါရီ ၂၂ ရက်က သုံးစွဲသူ အချက်အလက် ကာကွယ်မှုကို ဦးစားပေးတဲ့ AI အထူးပြု Galaxy S25 ဖုန်းစီးရီးအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

Galaxy S25 Ultra၊ S25+ နဲ့ S25 ကို ပရီအော်ဒါ မှာလို့ရပြီဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

ဂူဂဲလ်ရဲ့ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားတဲ့ ဒီဖုန်းမှာ AI စွမ်းဆောင်ရည်သစ်တွေ ပါဝင်လာပြီး Apple နဲ့ တရုတ်ကုမ္ပဏီတွေကို ယှဉ်ပြိုင်နိုင်ဖို့ အားထုတ်ထားတာ ဖြစ်ပါတယ်။

ဂူဂဲလ်ရဲ့ Gemini ကို Galaxy S25 ရဲ့ မူလ AI အင်ဂျင်အဖြစ် အသုံးပြုထားပြီး ဆမ်ဆောင်းရဲ့ မိမိဘာသာ တီထွင်ထားတဲ့ အသံထောက်ကူပြုစနစ်လည်း ပါဝင်လာပါတယ်။

S25 ရဲ့ ပုဂ္ဂိုလ်တယောက်ချင်းစီ အထူးပြု AI အထောက်အကူပြုစနစ်က ပိုအဆင့်မြင့်လာတယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် ‘Now Brief’ ဝန်ဆောင်မှုမှာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဖုန်းထဲမှာပဲ သိမ်းဆည်းပြီး စီမံခန့်ခွဲပေးမှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ ပြက္ခဒိန်၊ သတင်း၊ အိပ်ခန်းအပူချိန်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏတွေကို တကိုယ်ရေသုံး သတင်းအချက်အလက်အဖြစ် ဖော်ပြပေးသွားမှာပါ။

ညွှန်ကြားချက်တခုတည်းနဲ့ အလုပ်အများကြီးလုပ်ပေးတဲ့ စွမ်းဆောင်ရည်မျိုးလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ရှေ့လာမယ့် အားကစားပွဲစဉ်တွေကို ရှာပြီး သုံးသူရဲ့ ပြက္ခဒိန်မှာ ပွဲချိန် တခါတည်း မှတ်ပေးထားတာမျိုး ဖြစ်ပါတယ်။

Apple ထက် AI ဖုန်းကို စောစောထုတ်နိုင်ခဲ့ပေမဲ့ ဆမ်ဆောင်းဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးနေရာကို ပြန်မရခဲ့ပါဘူး။

အဆင့်မြင့်ဈေးကွက်မှာ အမေရိကန်ပြိုင်ဘက် Apple နဲ့ စျေးနှုန်းသက်သာတဲ့အပိုင်းမှာ တရုတ်ကုမ္ပဏီတွေနဲ့ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရပါတယ်။

Galaxy S25 စီးရီးရဲ့ ဈေးနှုန်းကတော့ ၇၉၉ ဒေါ်လာကနေ ၁,၂၉၉ ဒေါ်လာအထိ ရှိမှာဖြစ်ပြီး အရင်မျိုးဆက်ရဲ့ ဈေးနှုန်းသတ်မှတ်ချက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013