Home
နိုင်ငံတကာ
AI ပါဝါသုံး စမတ်အိမ် ဆမ်ဆောင်းမိတ်ဆက်
DVB
·
January 8, 2025
Photo : Reuters

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီဟာ လူနေအိမ်တွေကို ပိုချိတ်ဆက်နိုင်စေဖို့ ဉာဏ်ရည်တု AI ပါဝါသုံးကိရိယာတွေကို သုံးပြီး စမတ်အိမ်ကို အဓိကတွန်းအားပေးရင်း ဇန်နဝါရီ ၆ ရက်မှာ အမေရိကန်နိုင်ငံ လာ့စ်ဗီးဂက်စ်မြို့မှာ CES 2025 ကို မိတ်ဆက်ခဲ့ပါတယ်။

တောင်ကိုရီးယားကုမ္ပဏီ ဆမ်ဆောင်းရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဟန်ဂျုံးဟီးဟာ ဆယ်စုနှစ်တခုအတွင်း အိမ်တွေ စမတ်ကျရမယ်လို့ ဆမ်ဆောင်းက ကတိပြုခဲ့တဲ့ CES 2014 မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

၁၀ နှစ်ကြာပြီးတဲ့နောက် ကုမ္ပဏီဟာ ရေခဲသေတ္တာတွေ၊ အဝတ်လျှော်စက်-အခြောက်ခံစက် ကွန်ဘိုတွေ၊ တီဗီတွေ၊ စမတ်နာရီတွေနဲ့ တခြားဟာတွေကို စမတ်အိမ် မိတ်ဆက်ပွဲဆီ ယူဆောင်လာခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းနဲ့ တီဗီထုတ်လုပ်သူ ဆမ်ဆောင်းဟာ အိမ်က စက်ပစ္စည်းတွေ ချိတ်ဆက်တာကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ပြီး အိမ်ထဲမှာနေရတာ ဘဝကို ပိုမိုလွယ်ကူစေတယ်လို့ ပြောရင်း CES ဝါသနာရှင်တွေကို ဆွဲဆောင်နိုင်စေဖို့ မျှော်လင့်ထားပါတယ်။

အရင်လက Consumer Electronics Show လို့ခေါ်တဲ့ CES 2025 ကို ဇန်နဝါရီ ၇ ရက်ကနေ ၁၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး မော်တော်ကားနည်းပညာအသစ်ကနေ ထူးခြားဆန်းကြယ်တဲ့  gadgets တွေအထိ ထုတ်ကုန်အသစ်တွေကို ပြသဖို့ သုံးထားပြီး ဉာဏ်ရည်တု အသုံးပြုနည်း အသစ်တွေကိုလည်း ပြသထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013