Home
နိုင်ငံတကာ
ထိုင်းတွင် ရေကြီးပြီး  မွေးမြူရေးကြက် အကောင် ၅၀,၀၀၀ ကျော်သေဆုံး
DVB
·
September 10, 2025

ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံတာကြောင့် ကချိတ်ရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်းတခုက ကြက်အကောင်ရေ ၅၀,၀၀၀ ကျော် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၇ ရက် ညနေပိုင်းကစ ၈ ရက် မနက်ပိုင်းထိ တညလုံး မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေတွေပါ ဝင်လာတယ်၊ ကြက်ခြံ ၂ ခြံထဲကို ရေတွေလှိမ့်ဝင်လာတာကြောင့် မွေးထားတဲ့ အကောင်ရေ ၅၀,၀၀၀ ကျော် သေကုန်တယ်လို့  ရတ်ချ်ဒါးဖိပ် ကြက်မွေးမြူရေးလုပ်ငန်းပိုင်ရှင် နန်းအဖိရဒီက သတင်းထောက်တွေကို ပြောပါတယ်။

ရပ်ကွက်တခုလုံး ရေတွေပြည့်နေတာကြောင့် ကြက်တွေကို ဘယ်မှရွှေ့ပြောင်းလို့မရဘူး၊ ရေက ၃၀ စင်တီမီတာထိတောင် တက်လာလို့ ကြက်ခြံ ၂ ခြံရှိတာ တခြံက အကုန်သေတယ်၊ နောက်တခြံကလည်း အားလုံးနီးပါးသေတယ်၊ အမှန်က အဲဒီကြက်တွေဟာ ဒီလ ၁၈ ရက်နေ့မှာ သွားရောင်းရမယ့်ကြက်တွေ၊ ခုလိုသေကုန်တော့ အကြီးအကျယ်ဆုံးရှုံးတယ်၊ တန်ဖိုး ဘတ် ၁၀ သန်းလောက် ဆုံးရှုံးတယ်၊ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း အခုလို ရေကြီးပြီး ကြက်တွေ သေကုန်သေးတယ်၊ ပြန်ပြီးရင်းနှီးမြှုပ်နှံထားကာမှ ဒီတခါတော့ ဆုံးရှုံးမှုအကြီးမားဆုံးပဲလို့  နန်းအဖိရဒီက ပြောသွားပါတယ်။

ကြက်တွေ ပျက်စီးဆုံးရှုံးတဲ့နေရာကို ပြည်သူ့ပါတီ လယောင်းလွှတ်တော်အမတ် လာရောက် စစ်ဆေးကြည့်ရှုပြီး ရေကြီးတဲ့နေရာကို သဘာဝဘေးသင့်နေရာအဖြစ် ကြေညာဖို့၊ ပျက်စီးဆုံးရှုံးမှုတွေကို ကူညီထောက်ပံ့ဖို့ ခရိုင်ဝန်ရုံးထံ တင်ပြသွားမယ်လို့ ပြောတဲ့အကြောင်း  မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Source: MGROnline 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013