Home
နိုင်ငံတကာ
ကွန်ဂိုတွင် သူပုန်တပ်ဖွဲ့က အရပ်သား ၅၂ ဦးကို သတ်ဖြတ်
DVB
·
September 9, 2025

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း ဘန်နီနဲ့ လူဘီရို ဒေသတွေမှာ မကြာသေးခင် ရက်ပိုင်းအတွင်းက ကိုင်းခုတ်ဓားတွေ၊ ပေါက်တူးပေါက်ပြားတွေကို ကိုင်ဆောင်ထားတဲ့ IS ကျောထောက်နောက်ခံပြု သူပုန်တွေဟာ အရပ်သား ၅၂ ယောက်ထက်မနည်းကို သတ်ဖြတ်သွားတယ်လို့ ကုလသမဂ္ဂနဲ့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။

မဟာမိတ် ဒီမိုကရက်တစ်တပ်ဖွဲ့ (ADF) သူပုန်တွေဟာ ကွန်ဂိုတပ်ဖွဲ့တွေဆီမှာ ရှုံးနိမ့်မှုကို ခံစားခဲ့ရပြီးနောက်မှာ အရပ်သားတွေကို လက်စားချေခဲ့တာဖြစ်ကြောင်း ကွန်ဂိုစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး အီလွန်ဂို ကျွန်ဒွာမာ့ခ်က ပြောပါတယ်။

မီလယာကျေးရွာ တခုတည်းမှာပဲ အရပ်သား ၃၀ လောက် သေဆုံးခဲ့ကြောင်း လူဘီရိုနယ်မြေရှိ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အာလန်း ကီးဝဲဝဲက ရိုက်တာကို ပြောပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်း တည်ငြိမ်ရေးမစ်ရှင် (MONUSCO) က ADF သူပုန်တပ်ဖွဲ့ရဲ့ သြဂုတ် ၉ ရက်ကနေ ၁၆ ရက်ကြား တိုက်ခိုက်မှုတွေကို ဖြစ်နိုင်သမျှ အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ ရှုတ်ချလိုက်ကြောင်း မစ်ရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ပြောကြားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၈ ယောက်နဲ့ ကလေး ၂ ယောက် အပါအဝင် အရပ်သား ၅၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013