
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် အနုထင်း ချန်းဝီရကွန်းက နိုင်ငံတွင်း အကျပ်အတည်းအမျိုးမျိုးကနေ လွတ်မြောက်အောင် လုပ်မယ်လို့ စက်တင်ဘာ ၇ ရက်မှာ ကတိပြုခဲ့ပါတယ်။
ဖုမ်းကျိုင်းထိုင်းပါတီ ရုံးချုပ်မှာ ဘုရင်ရဲ့ တော်ဝင်ထောက်ခံချက်ကို လက်ခံရရှိပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်သစ် အနုထင်းက သူ့အစိုးရဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်နိမိတ်အငြင်းပွားမှုကို ဖြေရှင်းဖို့ အရေးတကြီး လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူ့ပါတီနဲ့ သဘောတူထားတဲ့ ၄ လတာကာလအတွင်း လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ပြောပါတယ်။
နှစ်ပေါင်းများစွာ ကမောက်ကမ ဖြစ်ခဲ့ရတဲ့ ထိုင်းနိုင်ငံရေးမှာ လိမ္မာပါးနပ်တဲ့ အပေးအယူလုပ်သူနဲ့ အဓိကကျသူဖြစ်တဲ့ အနုထင်းကို စက်တင်ဘာ ၅ ရက်မှာ ၀န်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့တာပါ။
ထိုင်းနိုင်ငံရဲ့ သမိုင်းမှာ အအောင်မြင်ဆုံး နိုင်ငံရေးပါတီကို ကျော်ဖြတ်ပြီး အာဏာရယူဖို့ အပြိုင်အဆိုင် တွန်းအားပေးခဲ့ပါတယ်။
Source: Reuters