Home
မြန်မာသတင်း
ကျောက်ဖြူက စစ်ရှောင်စာသင်ကျောင်း ရန်ပုံငွေအခက်အခဲကြောင့် ပိတ်ရမည့်အခြေအနေ ရောက်နေ
DVB
·
September 4, 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က စစ်ဘေးရှောင်ကလေးတွေအတွက် ပညာသင်ကြားပေးမယ့် ကျောင်း ၂ ကျောင်းမှာ အလှူငွေနည်းပါးလို့ ကျောင်းပိတ်ရတော့မယ့်အခြေအနေ ရောက်နေတယ်လို့ တန်ခိုးဆရာထွန်း-အခလွတ်ပညာရေးစင်တာဆီက သိရပါတယ်။

ကျောက်ဖြူမှာရှိတဲ့ စစ်ရှောင်ကျောင်းသား ၆၀၀ ဝန်းကျင်ကို စာရေးကိရိယာတွေ ထောက်ပံ့ပြီး စာသင်ဆောင် ၄ ဆောင်ပါတဲ့ စာသင်ကျောင်း ၂ ကျောင်း ဖွင့်လှစ်ပေးဖို့ စီစဉ်ထားပေမဲ့ ငွေကြေးအခက်အခဲကြောင့် ဖွင့်လှစ်နိုင်တာမရှိသေးဘဲ ပိတ်သိမ်းရမယ့်အခြေအနေကို ရောက်နေတယ်လို့ ဆိုပါတယ်။

တန်ခိုးဆရာထွန်း-အခလွတ်ပညာရေးစင်တာက တာဝန်ရှိသူတယောက်က “KG ကနေ Grade 12 လောက်အထိ ဖွင့်လှစ်ပေးဖို့ စီစဉ်ထားပေမဲ့ ငွေကြေးအခက်အခဲကြောင့် စာသင်ကျောင်းဖွင့်မယ့် အစီအစဉ်ကို နောက်တပတ်လောက်အထိ အခြေအနေမကောင်းဘူး ဆိုရင် ဖျက်သိမ်းရမယ့် သဘောမှာ ရှိတယ်။ ဖွင့်လှစ်ဖို့က အကုန်လုံးစီစဉ်ပြီးသွားပြီ။ ရန်ပုံငွေအင်အားပဲ လိုနေတာ”လို့ DVB ကို ပြောပါတယ်။

စာသင်ကျောင်း ၂ ကျောင်း ဖွင့်လှစ်ပေးဖို့ အလှူငွေ ကျပ်သိန်း ၁၅၀ လိုနေတာဖြစ်ပေမဲ့ လက်ရှိအချိန်ထိ ငွေကျပ် ၆ သိန်းခွဲပဲ ရသေးတာကြောင့် ဖွင့်လှစ်ဖို့ အဆင်မပြေဖြစ်နေတာလို့ ဆိုပါတယ်။

“ဒီကျောင်းဖွင့်ဖို့ မတည်ငွေက သိန်း ၁၅၀ ပဲလိုတာပါ။ ဒီကျောင်းဖွင့်ပြီးသွားရင်တော့ လစဉ် ရန်ပုံငွေက သိန်း ၂၀၊ ၃၀ လောာက်ပဲ လိုတာပါ”လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။

တန်ခိုးဆရာထွန်း-အခလွတ်ပညာရေးစင်တာဟာ မြို့နယ် ၆ ခုက စစ်ရှောင်ကလေးတွေအတွက် ကျောင်းပေါင်း ၁၈ ကျောင်းအထိ ဖွင့်လှစ်သင်ကြားပေးဖို့ စီစဉ်ခဲ့ပေမဲ့ ငွေကြေးအခက်အခဲကြောင့် ၁၅ ကျောင်းကိုပဲ ဖွင့်လှစ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ အမ်းနဲ့ ကျောက်တော်မြို့တွေမှာ ကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

မင်းဆက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013