မြန်မာနှင့် မြောက်ကိုရီးယား အာဏာရှင် ၂ ဦး ပေကျင်း၌ တွေ့ဆုံ
DVB
·
September 3, 2025

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြောက်ကိုရီးယားအာဏာရှင် ကင်မ်ဂျုံအန်းတို့ တွေ့ဆုံခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ဟာ ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ စစ်ရေးပြအခမ်းအနားကို တက်ရောက်ရင်း တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အဲဒီပွဲမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။