Home
နိုင်ငံတကာ
မက္ကဆီကို တရားရုံးချုပ်တရားသူကြီးများ ကျမ်းသစ္စာကျိန်ဆို
DVB
·
September 3, 2025
Photo :Reuters

မက္ကဆီကိုနိုင်ငံမှာ အသစ်ရွေးချယ်တင်မြှောက်ထားတဲ့ တရားရုံးချုပ်တရားသူကြီးတွေဟာ စက်တင်ဘာ ၁ ရက် မှာ အထက်လွှတ်တော်အတွင်း အခမ်းအနားနဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

တရားသူကြီးတွေကို သမ္မတက ခန့်အပ်မယ့်အစား ပြည်သူကမဲပေးရွေးချယ်တာဟာ  နိုင်ငံ့သမိုင်းမှာ ပထမဆုံးဖြစ်ပြီး အထက်လွှတ်တော်က အတည်ပြု ပေးခဲ့ပါတယ်။

အဲဒီနေ့အစောပိုင်းမှာ၊ တရားရေးအရာရှိတွေက သူတို့ကိုင်ဆောင်ထားတဲ့ လူ့အဖွဲ့အစည်း အာဏာစက်ရဲ့ သင်္ကေတဖြစ်တဲ့ ဌာနေတိုင်းရင်းသားရိုးရာ အမိန့်အာဏာ ကျိုင်းတွေကို လက်ခံ ရရှိခဲ့ပါတယ်။

တရားရုံးချုပ်ရဲ့ အသစ်ရွေးကောက်တင်မြှောက်ခံရတဲ့ ဥက္ကဋ္ဌ အူဂိုအာဂီလာက တရားစီရင်ရေး ကဏ္ဍအတွင်း အကျင့်ပျက်ခြစားမှုနဲ့ လူမျိုးရေးဝါဒကို အမြစ်ပြတ်ချေမှုန်းဖို့ ကတိပြုခဲ့ပါတယ်။

သူက အပယ်ခံတွေကို ဦးစားပေးတဲ့ တရားစီရင်ရေးစနစ်တခုကို ဖန်တီးမယ်လို့ ကတိပြုပြီး ဇွန် ၁ ရက်နေ့ မဲခွဲဆုံးဖြတ်မှုက မြင်သာထင်သာရှိတဲ့ အပြောင်းအလဲကို ပေးစွမ်းမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အထက်လွှတ်တော် အခမ်းအနားမှာ ရွေးချယ်ရေး လုပ်ငန်းစဉ်ရဲ့ တရားဝင်မှုကို စိန်ခေါ်တဲ့ အတိုက်အခံ အထက်လွှတ်တော်အမတ်တွေက နှောင့်ယှက်ခဲ့ပါတယ်။

အတိုက်အခံ အထက်လွှတ်တော်အမတ် ရီကာဒိုအနာယာက တရားရုံးရဲ့ တရားဝင်မှုက နောက်ဆုံးမှာ  စီရင်ချက်အပေါ် မူတည်မယ်လို့ သတိပေးခဲ့ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုမှုဟာ သမ္မတကလော့ဒီယာ စိန်းဘောင်ရဲ့  မက္ကဆီကို တရားစီရင်ရေးစနစ်ကို  ပြန်လည်ပြင်ဆင်ရေး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ထိရောက်မှု မရှိဘဲအကျင့်ပျက်ခြစားနေလို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတဲ့ မက္ကဆီကိုရဲ့ တရားစီရင်ရေးစနစ်ကို ပြုပြင်မွမ်းမံဖို့လည်း ဖြစ်ပါတယ်။

Source:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024