
မက္ကဆီကိုအာဏာပိုင်တွေဟာ သြဂုတ် ၁၅ ရက်က နိုင်းရစ်ထ်ပြည်နယ်ရှိ လျှို့ဝှက် ဓာတုဆေးဝါး ဓာတ်ခွဲခန်းကို ဖြိုဖျက်ပစ်ခဲ့ကြောင်း ကြေညာခဲ့ပြီး စိတ်ကြွမူးယစ်ဆေး ၁၂ တန်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဒီစစ်ဆင်ရေးကို မက္ကဆီကိုရေတပ်က ဦးဆောင်ပြီး အမျိုးသားကာကွယ်ရေးအတွင်းဝန်ရုံး၊ အမျိုးသားအစောင့်တပ်ဖွဲ့နဲ့ တခြားလုံခြုံရေး အေဂျင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာပါ။
သောကြာနေ့က မက္ကဆီကိုရေတပ်မှ ထုတ်ပြန်တဲ့ဗီဒီယိုထဲမှာ ဝန်ထမ်းတွေဟာ သစ်တောဖုံးလွှမ်းတဲ့ လေဟာပြင်ခြံဝင်းအတွင်း ထုတ်လုပ်မှုအဆောက်အအုံတွေကို စစ်ဆေးနေပုံကို မြင်တွေ့ရပါတယ်။
ဆန်ဘလာ့စ်မြို့မှာ တည်ရှိတဲ့ ဓာတ်ခွဲခန်းမှာ ဓာတုဗေဒပစ္စည်းတွေ လီတာ ၅၄,၅၀၀ နဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိရိယာမျိုးစုံကိုလည်း တွေ့ရှိခဲ့ပါတယ်။
အခု ဖမ်းဆီးရမိမှုဟာ ရာဇဝတ်ဂိုဏ်းတွေအတွက် ငွေကြေး ပီဆို ၃ ဒသမ ၄ ဘီလီယံကျော်ကို အထိနာစေခဲ့ ပြီး မူးယစ်ဆေးဝါး သန်း ၃၂၀ ဖြန့်ဖြူးမှုကို တားဆီးနိုင်ခဲ့တယ်လို့ ခန့်မှန်းရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source: Reuters