
မက္ကဆီကိုနိုင်ငံ အနောက်အလယ်ပိုင်းဒေသ အီရာပွါတိုမြို့ရှိ အိမ်ရာတခုမှာ လူပေါင်း ၃၂ ယောက်ရဲ့ အလောင်းရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ကြောင်း ဂွါနာဟွာတိုပြည်နယ် ရှေ့နေချုပ်ရုံးက သြဂုတ် ၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ဌာနပေါင်းစုံအကြား ညှိနှိုင်းဆောင်ရွက်ခြင်းတွေ ပါဝင်တဲ့ မဟာဗျူဟာမြောက် စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအဖြစ် ဇူလိုင် ၃၀ ရက်မှာ ရှာဖွေမှုကို စတင်ခဲ့ပြီး သြဂုတ် ၂ ရက်မှာ ရှာဖွေမှု ပြီးဆုံးခဲ့တယ်လို့ ရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူ ၁၅ ယောက်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျန်တယောက်ချင်းစီကို ဖော်ထုတ်ဖို့၊ ရှာဖွေတွေ့ရှိမှု အခြေအနေတွေကို ရှင်းလင်းဖို့နဲ့ တာဝန်ရှိသူတွေကို တရားစွဲဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ ရှေ့နေချုပ်ရုံးက ဆိုပါတယ်။
ဂွါနာဟွာတိုပြည်နယ်ဟာ မက္ကဆီကိုရဲ့ အကြမ်းဆုံးဒေသတွေထဲက တခုဖြစ်ပြီး ရာဇ၀တ်ဂိုဏ်းတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ်ဖို့နဲ့ တခြား ရာဇ၀တ်မှုတွေကို ကျူးလွန်လေ့ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။
Source: Reuters