
မက္ကဆီကို အစိုးရက မူးယစ်ဘုရင် အယ်လ်ချာပိုရဲ့ သားဖြစ်သူ အိုဗီဒီယို ဂက်ဇ်မန်လိုပဲ့ဇ်ရဲ့ ရှေ့နေကို အသရဖျက်မှုနဲ့ တရားစွဲမယ်လို့ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းက ဇူလိုင် ၁၄ ရက်မှာ ပြောပါတယ်။
ဂက်ဇ်မန် လိုပဲ့ဇ်ဟာ ပြီးခဲ့တဲ့အပတ်က အမေရိကန်တရားရုံးမှာ ရာဇ၀တ်မှုများစွာအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး သူရှေ့နေ ဂျက်ဖရီ လစ်ချ်မဲန်နဲ့ သမ္မတ ရှိန်းဘောင်းတို့ လူသိရှင်ကြား စကားနိုင်လုခဲ့ကြပါတယ်။
ရှေ့နေ လစ်ချ်မဲန်က သူ့အမှုသည်ရဲ့ အသနားခံစာထဲမှာ မက္ကဆီကိုက အခန်းကဏ္ဍတခုကနေ ပါဝင်သင့်တယ်ဆိုတဲ့ အယူအဆဟာ အဓိပ္ပာယ်မရှိသလို မက္ကဆီကိုအစိုးရကလည်း အကျင့်ပျက် ခြစားနေတယ်လို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။
Source: Reuters