
မက္ကဆီကိုနိုင်ငံ၊ ဆီနာလိုအာပြည်နယ်၊ ကူလီယာကန်မြို့မှာ ဓာတုဆေးဝါး ထုတ်လုပ်ရေးအတွက် အသုံးပြုတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတခုကို ဖျက်ဆီးပစ်ခဲ့ကြောင်း ဇူလိုင် ၁၇ ရက်မှာ မက္ကဆီကို အာဏာပိုင်တွေက ကြေညာပါတယ်။
မက္ကဆီကိုရေတပ်က ဦးဆောင်ပြီး တခြားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းထားတဲ့ အဲဒီစစ်ဆင်ရေးမှာ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁ တန်နီးပါးလောက်နဲ့ မူးယစ်ဆေး ထုတ်လုပ်ရာမှာသုံးတဲ့ ပေါင်းစပ်ဓာတုပစ္စည်း အမျိုးမျိုးကို သိမ်းဆည်းရမိခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံ ရေတပ်ဝန်ကြီးရဲ့ ကြေညာချက်အရ ရာဇ၀တ်ဂိုဏ်းတွေရဲ့ စီးပွားရေးကို ပီဆို ၈၁ သန်း (ဒေါ်လာ ၄ ဒသမ ၈ သန်း) လောက် ထိခိုက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အနီးစပ်ဆုံး မီတာ ၈၀ x ၃၀ အတိုင်းအတာရှိတဲ့ ဒီဓာတ်ခွဲခန်းကနေ မက်သာဖက်တမင်း စိတ်ကြွဆေး ၂၄၅ ကီလိုဂရမ်အထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
Source: Reuters