
ဗီယက်နမ်က နှစ် ၈၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမတိုင်မီမှာ လက်နက်တွေနဲ့ နည်းပညာဆိုင်ရာ အောင်မြင်မှုတွေကို ခမ်းခမ်းနားနား ပြသခဲ့ပါတယ်။
ဗီယက်နမ်ပြည်သူတွေအတွက် ရှားရှားပါးပါး မြင်ကွင်းတခုအနေနဲ့ ဒုံးကျည်စနစ်တွေနဲ့ မောင်းသူမဲ့ လေယာဉ် UAVတွေကနေ လက်နက်တွေ၊ စနိုက်ပါ ရိုင်ဖယ်တွေနဲ့ ဗုံးရှင်းလင်းရေး စက်ရုပ်တွေအထိ ခင်းကျင်းပြသထားတဲ့ အမျိုးသားပြပွဲကို လူထောင်ပေါင်းများစွာက သြဂုတ် ၃၁ ရက်မှာ လာကြည့်ခဲ့ကြပါတယ်။
ပြည်တွင်းဒုံးကျည်စနစ် ဘေးမှာရပ်နေတဲ့ အသက် ၅၄ နှစ်အရွယ် ဟနွိုင်းမြို့ခံ ဖှမ်သီလင်း က “အခု ကျနော်တို့ကိုယ်တိုင် လက်နက်စနစ်တွေ အများကြီး ထုတ်လုပ်နိုင်ခဲ့ပြီ။ ဒါကြောင့်ပဲ တိုင်းပြည်၊ အစိုးရနဲ့ တပ်မတော်အပေါ် ယုံကြည်မှု တိုးလာပါတယ်” လို့ ပြောပါတယ်။
“ဒီလက်နက်တွေက ကျနော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ဖို့ဖြစ်ပြီး တခြားနိုင်ငံကို ကျူးကျော်ဝင်ရောက်တာမျိုး ဘယ်တော့မှ မရောက်စေရပါဘူး” လို့ အသက် ၅၇ နှစ်ရှိတဲ့ တပ်မတော်အရာရှိ ဝင့်ကင်မ်ဆွန်က ကုန်စည်ပြပွဲမှာ လက်နက်တွေအကြောင်းကို ရှင်းပြချိန်မှာ ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံ ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေး ကြေညာခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ကို ဆင်နွှဲနေချိန်မှာ မြို့တော် ဟနွိုင်းဟာ လာမယ့်သီတင်းပတ်မှာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး အမျိုးသားနေ့ ချီတက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
Source: Reuters