
အင်ဒိုနီးရှားနိုင်ငံဆန္ဒပြပွဲအတွင်း ဒေသဆိုင်ရာလွှတ်တော်အဆောက်အအုံ မီးရှို့မှုမှာ လူ ၃ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ဒေသဆိုင်ရာလွှတ်တော်အဆောက်အအုံကို မီးရှို့ခဲ့ပြီးနောက် အခုလို သေဆုံးတာတွေ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တာလို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ဆိုပါတယ်။
ဒါဟာ သမ္မတဆူဘီယန်တိုရဲ့ အစိုးရအဖွဲ့အတွက်လည်း အဓိက စမ်းသပ်မှုတခုပဲ ဖြစ်ပါတယ်။
ဒီလူသေဆုံးမှုတွေနဲ့ပတ်သက်လို့ အရှေ့တောင်အာရှဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီရဲ့ သောကြာနေ့ဖော်ပြမှုမှာတော့ မာကတ်ဆာမှာ မီးလောင်တာနဲ့ လူသေဆုံးတာတွေ မပါဝင်ပါဘူး။
အန်တာရာသတင်းအေဂျင်စီရဲ့ ပြောကြားချက်အရတော့ အဆောက်အအုံမီးလောင်မှုမှာ လူတွေပိတ်မိခဲ့ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ချိန် အဆောက်အအုံကနေ အပြင်ကို ခုန်ထွက်ခဲ့တဲ့လူတွေအနက် ၂ ယောက်ကတော့ ဒဏ်ရာရခဲ့တယ်လို့ ဘေးအန္တရာယ်အေဂျင်စီက ပြောထားပါတယ်။
ဒီတပတ်အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံလွှတ်တော်အမတ်တွေကို ခံစားခွင့်တိုးပေးတာနဲ့ပတ်သက်လို့ မြို့တော်ဂျာကာတာမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။
ဆန္ဒပြပွဲတွေကို နှိမ်နင်းရင်း သံချပ်ကာကားနဲ့ ဆိုင်ကယ်တက္ကဆီသမား တယောက်ကို တိုက်သတ်ခဲ့တဲ့ဖြစ်ရပ် သောကြာနေ့မှာ ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြမှု အရှိန်ပိုပြီး မြင့်တက်လာတာ ဖြစ်ပါတယ်။
Source: Reuters