Home
မြန်မာသတင်း
နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ကျပ် ၅,၀၀၀ တိုး
DVB
·
August 28, 2025

နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးကို စက်တင်ဘာ ၁ ရက်ကစပြီး ၅,၀၀၀ ကျပ် တိုးကောက်မယ်လို့ စစ်ကော်မရှင်ရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ကြေညာပါတယ်။

ပြည်တွင်းမှာ သာမန်နိုင်ငံကူးလက်မှတ် လျှောက်တာနဲ့ ပတ်သက်လို့ စာအုပ်ဖိုး ၄၀,၀၀၀ ကျပ် သတ်မှတ်ထားရာကနေ ၄၅,၀၀၀ ကျပ် ပြောင်းမယ်လို့ ဆိုပါတယ်။

အခု နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး တိုးတာက အာဏာသိမ်းကာလအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး အရင်က ၃၅,၀၀၀ ကျပ် ပေးသွင်းရတာ ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်အတွက် ဝန်ဆောင်မှုပေးနေသူတယောက်က “တခြား ဒဏ်ကြေးတွေ တိုးတာမျိုးတော့ မကြားသေးဘူး။ စာအုပ်ကြေးသက်သက်ပဲ။ ပြည်တွင်းမှာ သတ်မှတ်စျေးပြောင်းတော့ ပြည်ပက သံရုံးတွေမှာလည်း စျေးနှုန်းအပြောင်းအလဲ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့လူဦးရေလည်း လျော့နည်းလာပြီး အရင်လို ကြိုတင်ရက်ချိန်းအတွက် လနဲ့ချီစောင့်ဖို့ မလိုတော့ဘဲ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးအများစုမှာ တရက်ကြိုတင်ရက်ချိန်းယူနိုင်တဲ့ အခြေအနေ ရှိလာတယ်လို့လည်း အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်ကော်မရှင်က ပြည်ပကို လူငယ်တွေ ထွက်ခွာတဲ့အပေါ် တင်းကျပ်တာတွေ လုပ်လာတာကြောင့် နိုင်ငံကူးလက်မှတ်လုပ်သူ နည်းလာတာ ဖြစ်နိုင်တယ်လို့လည်း သူတို့က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013