
ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ် အနောက်ဘက်ခြမ်း ဂရိတ်တား ဂျီးလောင်မြို့ပြင်မှာ ဩဂုတ် ၂၇ ရက်က ကျောင်းဘတ်စ်ကားတစီး လမ်းချော်ကာ တိုက်မိမှုကြောင့် မိန်းကလေး တယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောပါတယ်။
ဂျီးလောင် ခရစ်ယာန်ကောလိပ်မှ ကျောင်းသား ၂၈ ယောက်ကို တင်ဆောင်ခဲ့တဲ့ ဘတ်စ်ကားဟာ ဂျီးလောင်မြို့အနီးရှိ ကျေးလက်လမ်းပေါ်မှာ ဘယ်ဘက်ကိုကွေ့ဖို့လုပ်တာ မရဘဲ လမ်းဘေး အတားအဆီးဘောင်ကို ဝင်တိုက်မိပြီး မှောက်သွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကားမှောက်ထားတဲ့မြင်ကွင်းဟာ အရေးပေါ်ဝန်ထမ်းတွေအတွက် တော်တော် စိတ်ထိခိုက်စရာ မြင်ကွင်းပါပဲလို့ ဗစ်တိုးရီးယားရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ ပေါလ် လိနီယမ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အသက် ၇၆ နှစ်ရှိ ယာဉ်မောင်းဖြစ်သူလည်း ဆေးရုံက ဆင်းလာပြီဖြစ်ကြောင်း သိရပါတယ်။
လောလောဆယ် ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ အခြေအနေတွေကို ဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့ကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။
Source: Reuters